ချစ်တဲ့အကြောင်းတွေက နေ့စဉ်ရက်ဆက်ပြောမကုန်နိုင်ဘူးဆိုတဲ့ ရွှေမှုန်ရတီ
21 Feb 2019 1,776 Views

ရွှေစုံတွဲလေးလို့ ပရိသတ်တွေကချစ်စနိုးခေါ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ဟာဆိုရင် နှစ်ယောက်သားလိုက်ဖက်ညီညီနဲ့ ချစ်စရာကောင်းတဲ့စုံတွဲလေးအဖြစ် အားလုံးကအသိအမှတ်ပြုထားကြတာပါ။ တစ်ယောက်ကိုတစ်ယောက် အရိပ်တကြည့်ကြည့်နဲ့ အရမ်းကိုချစ်ကြတဲ့ သူတို့စုံတွဲလေးကတော့ အရိုနိုင်ဆုံးသောစုံတွဲလေးဖြစ်ပြီး ပရိသတ်တွေအားကျအောင်လည်း မကြာခဏဆိုသလို ရိုမန့်တစ်ဆန်ဆန် ပုံရိပ်တွေနဲ့ ပြုမူလှုပ်ရှားမှုတွေကို လူမှုကွန်ယက်ကနေ မျှဝေပေးလေ့ရှိပါတယ်။
.jpg)
ကိုယ်စီအနုပညာနယ်ပယ်ထဲမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုများစွာကိုရရှိထားသူတွေဖြစ်တဲ့ ရွှေစုံတွဲလေးကတော့ အားလပ်ချိန်လေးတွေရတဲ့အခါမှာလည်း အပန်းဖြေခရီးတွေထွက် အနားယူရင်း အမှတ်တရနေ့စွဲတွေကို ဖြတ်သန်းနေတာပါ။ ခရီးတွေသွားရတာ ၀ါသနာပါသူလေး ရွှေမှုန်နဲ့ ရွှေထူးတို့ဟာ မကြာသေးခင်ရက်ပိုင်းကလည်း ဘာလီကျွန်းဆွယ်ကို အလည်အပတ်သွားခဲ့ပါသေးတယ်။


ကြင်စဦးမောင်နှံဖြစ်တာကြောင့်ပင် တစ်ယောက်ကိုတစ်ယောက် ချစ်မ၀ဖြစ်နေကြတဲ့ ရွှေစုံတွဲလေးကတော့ နေ့စဉ်ရက်ဆက်ကို ချစ်တဲ့အကြောင်းတွေက ပြောမကုန်နိုင်အောင်ဖြစ်လို့နေပါတယ်။ “ချစ်တဲ့အကြောင်းပြောလို့မ၀တာ နေ့စဉ်နေ့တိုင်းပဲ” ဆိုကာ ရွှေမှုန်ရတီက သူမရဲ့ဖေ့စ်ဘွတ်ကနေ ခရီးသွားရင်းဓာတ်ဖမ်းခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ဝေမျှရင်း သိပ်ချစ်တဲ့အကြောင်းကို ရေးသားခဲ့တာပါ။ ပရိသတ်တွေချစ်ရတဲ့ ရွှေစုံတွဲလေးရဲ့ ကြည်နူးစရာပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်….
.jpg)







