BEC-TERO TV

ဂိုးသွင်းနိုင်ခဲ့ပေမဲ့ VAR အရ ဂိုးအဖြစ်သတ်မှတ်ပေးခြင်းမခံခဲ့ရတဲ့ မိုရာတာ

21 Feb 2019     1,506 Views


မနေ့ က ချလ်ဆီးတိုက်စစ်မှူးဟောင်း မိုရာတာ ဟာ ဂျူဗင်တပ်နဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ VAR ကြောင့် ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်းမရှိပါဘူး။ သွင်းယူခဲ့တဲ့ ဂိုးဟာ ချီရယ်လီနီကို ပြစ်ဒဏ်ဘော ကျူးလွန်ခဲတယ် ဆိုပြီး VAR အရ ဒိုင်က သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

အက်သလတ်တီကို အသင်းအတွက် အကောင်းဆုံး ပေးဆပ်ကစားတဲ့ “ကံဆိုးမလိုက်ရာ မိုးလိုက်လို့ ရွာ” ဖြစ်ခဲ့ပေမဲ့ ဒီနေ့ပွဲမှာတော့ အနိုင်ရလဒ်နဲ့ မျက်နှာကောင်း လှခဲ့ပါတယ်။ ရရှိခဲ့တဲ့ ဂိုးနှစ်ဂိုးကလည်း သူဝင်လာပြီးမှ ရရှိခဲ့တာဖြစ်ပါတယ်။

အက်သလတ်တီကို ကွယ်လယ်ကစားသမား ကိုကီ က” မိုရာတာလား ..? ဟဲဟဲ   သူဂိုးသွင်းနိုင်မှာပါ ၊ “ တစ်နေ့ပေါ ဒီနေ့တော့ ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ဂိုးမရခဲ့ဘူး ၊ သူအကောင်းဆုံး ကြိုးစားခဲ့တာပဲလေ “ ဆိုပြီး အသင်းဖော်က ကျီစယ်တဲ့ စကားပြောဆိုခဲ့ပါတယ်။

မိုရာတာဟာ ရီးရဲလ်မက်ထရစ် အသင်းဟောင်းနဲ့ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ VAR အရ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်းမရှိပါဘူး။


21 Feb 2019     1,506 Views




RELATED

Most Popular of Football

Most Popular of Sport