BEC-TERO TV

ဆုံဆို့နာရောဂါအကြောင်းသိကောင်းစရာ

17 Aug 2015     1,483 Views


ဆုံဆို့နာဆိုတာ ကူးစပ်ရောဂါတစ်မျိုးဖြစ်ပါတယ်။အသက်ရှူလမ်းကြောင်းမှာ အနှောက်အယှက်ဖြစ်စေတဲ့ကူးစပ်ရောဂါ ဖြစ်ပါတယ်။ဒီရောဂါဟာ အလွန်ပြင်းထန်တဲ့ရောဂါပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ဒီရောဂါစဖြစ်လာပြီဆိုရင် နေမကောင်းတာဖျားတာနာတာလည်ပင်းနာတာတွေဖြစ်လာနိုင်ပါတယ်။အရမ်းပြင်းလာပြီဆိုရင် နှလုံး ၊အာရုံကြောတို့ထိခိုက်လာနိုင်ပါတယ်။ နောက်ဆုံး အသက်ဆုံးရှုံးတဲ့အထိ အန္တာရာယ် ရှိနိုင်ပါတယ်။
 
ဒီရောဂါကို ကုသလို့ကော ကာကွယ်လို့ကော ရပါတယ်။ရောဂါလက္ခဏာတွေက လည်ပင်းနာလာတယ် အသက်ရှူရခက်လာတယ်၊ဖျားမယ် ချမ်းတုန်လာမယ် ၊ကိုယ်လက်မအီမသာဖြစ်မယ် ၊အစားအသောက်စားတဲ့အခါ မျိုရတာခက်လာမယ် ၊နှာချေ ခြင်းတွေ ခံစားရပါတယ်။ဒီရောဂါဟာ ဆိုရင်ကလေးတွေမှာ အဖြစ်များပါတယ်။ ကလေးဟာ ရောဂါလက္ခဏာတွေပြလာတယ်ဆိုရင် ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်။
 
မိမိ ရဲ့ကလေးဟာ ကာကွယ်ဆေးအပြည့်ဝထိုးထားလားမထိုးထားဘူးလားဆိုတာကို မကျိန်းသေဘူးဆိုရင် အမြန်ဆုံးဆရာဝန်ကို ပြသတိုင်ပင်သင့်ပါတယ်။ ကူးစပ်နိုင်တာတွေကတော့ ရောဂါကူးစပ်ခံထားရသူက နှာချေခြင်းချောင်းဆိုးခြင်းမှ  ထွက်လာတဲ့အရည်တွေကနေတဆင့် ကူးစပ်နိုင်ပါတယ်။ ရောဂါအကူးစပ်ခံထားရသူရဲ့အသုံးအဆောင်ကို ကိုင်မိခြင်း ဥပမာ တီရှူး လို အရာ ကိုကိုင်မိတာ ဖြစ်ဖြစ်ကူးစပ်တက်ပါတယ်။ မျက်နှာသုတ်ပဝါ ၊တာဝါ တို့ကို အသုံးပြုခြင်းဖြင့်လဲ ကူးစပ်တက်ပါတယ်။ ကိုယ်ခံအားကျဆင်းတဲ့အချိန်တွေမှာလဲ ဒီရောဂါ ကူးစပ်ခံရမှ အလားအလာများပါတယ်။ဖွံဖြိုးဆဲတိုင်းပြည်တွေမှာရှိနေဆဲဖြစ်ပါတယ်။
 
နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ အသက်ရှူရခက်လာမယ် ၊မောလာတယ် ၊ကျပ်လာတယ် နောက်ပိုင်းနှလုံးကို ထိခိုက်လာမယ် ၊နှလုံးထိခိုက်လာတဲ့အခါ နှလုံးတွေရောင်ယမ်းလာမယ် ၊ နှလုံးထဲမှာ သွေးတွေများလာမယ် ၊ တဖြည်းဖြည်းနဲ့နှှလုံးပျက်စီးလာပြီး အသက်သေဆုံးမှုကိုဖြစ်စေနိုင်ပါတယ်။ အာရုံကြောကို ထိခိုက်တဲ့အတွက် အစားအစာ မျိုလို့မရခြင်းမှ ကိုယ်အလေးချိန်တွေကျလာခြင်းတွေဖြစ်ပေါ်လာပါတယ်။ဒီရောဂါဟာ အရေးပေါ်ဖြစ်တဲ့အတွက် ဆေးရုံမှာကုသရမယ် တချို့အချိန်တွေမှာဆိုရင် အထူကြပ်မတ်ဆောင်မှာကုသရတဲ့ ရောဂါမျိုးဖြစ်ပါတယ်။
 
ကာကွယ်မှုအနေနဲ့မိဘများက ကလေးတွေကို ကာကွယ်ဆေးထိုးတာကို အချိန်ပြည့်အောင်ထိုးပေးရမယ် ။အချိန်နဲ့အချိန်နဲ့ ထိုးပေးရမယ် ။ကာကွယ်ဆေးမထိုးထားဘူးဆိုရင်လဲ အမြန်ဆုံးထိုးဖို့ လိုအပ်ပါတယ်။ ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ်ဟ ဒီရောဂါလက္ခဏာတွေ ကြုံနေရပြီိဆိုရင် ကလေးကို ကျောင်းမသွားခိုင်းတာ ၊အလုပ်မသွားခိုင်းတာ အိမ်မှာပဲ အနားယူခိုင်းသင့်ပါတယ်။ အခြားသူကို ကူးစပ်နိုင်မှာ ဖြစ်တဲ့အတွက် အိမ်မှာအနားယူခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။

17 Aug 2015     1,483 Views




RELATED

Most Popular of Health Fix

Most Popular of Life Style