BEC-TERO TV

ချလ်ဆီး ၊ အာဆင်နယ်တို့ ပါဝင်နေတဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် မဲခွဲပွဲ

22 Feb 2019     1,302 Views


ယူရိုပါလိဂ် ရှုံးထွက် ၃၂ သင်း အဆင့် ပွဲစဉ်တွေဟာ မနေ့ညက ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။အင်္ဂလန်မှ ချလ်ဆီး ၊ အာဆင်နယ်တို့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး အခြားသော စပိန်၊ အီတလီ တို့မှ အသင်းကြီး အများစု နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

မနေ့က အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ချလ်ဆီးအသင်းဟာ မယ်မို ကို ၃-၀ ။ အာဆင်နယ်က ဘိတ်ကို ၃-၀ ဖြင့် အသီးသီးအနိုင်ယူပြီး ယူရိုပါလိဂ် ၁၆ သင်းအဆင့် ကိုတတ်ရောက်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ယူရိုပါလိဂ် ဖလား ရရှိဖို့ ရေပန်စားနေတဲ့ အင်္ဂလန်ကလပ် တွေ နောက်တစ်ဆင့်မှာ ဘယ်အသင်းတွေနဲ့ တွေ့ ဆုံမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်နေပါတယ်။

ယူရိုပါလိဂ် ၁၆ သင်းအဆင့် ယနေ့ညနေ့ ၆ ခွဲအချိန်မှာ ဆွစ်ဇာလန်နိုင်ငံ နီယွင်မြို့မှာ ကျင်းပ ပြုလုပ် သွားမှာဖြစ်ပါတယ်။၁၆ သင်း အဆင့် ပထမ အကျော့ ပွဲစဉ်ကို မတ်လ ၇ ရက်နေ့မှာ ကစားမှာ ဖြစ်ကာ ၊ ဒုတိယ အကျော့ကို မတ်လ ၁၄ ရက်နေ့မှာ ကစားသွားမှာ ဖြစ်ပါတယ်။


22 Feb 2019     1,302 Views




RELATED

Most Popular of Football

Most Popular of Sport