BEC-TERO TV

Level အသစ်တွေထပ်တိုးလာတဲ့ The Voice Myanmar Season 2

22 Feb 2019     1,773 Views


၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် (တနင်္ဂနွေနေ့) မှာ MRTV 4 ရုပ်သံကနေ စတင်ထုတ်လွှင့်ပြသတော့မည့် The Voice Myanmar အစီစဉ်ဟာ Season 2  (ဒုတိယရာသီ) ရောက်လာပြီ ဖြစ်တဲ့အတွက် နိုင်ငံတစ်ကာမှာ ပြုလုပ်နေတဲ့ The Voice ရဲ့ အစီစဉ်တွေအတိုင်း Level တွေ အပြည့်အဝ တင်ဆက်ခွင့်ရသွားပြီဖြစ်ပါတယ်။
 
Season 1 တုန်းက ချန်လှပ်ထားခဲ့တဲ့ “Knock Out Rounds” ကို ယခု Season 2 မှာ ထည့်သွင်းခွင့်ရသွားတဲ့အတွက် ပြိုင်ပွဲက ပိုပြီးရင်ခုန်စရာ ကောင်းလာပါတယ်။ 
The Voice အစီစဉ်ဟာ သီဆိုယှဉ်ပြိုင်သူတွေရဲ့  ပြိုင်ပွဲသက်သက် မဟုတ်ပဲ အကဲဖြတ်လမ်းညွှန်မယ့် “Coach (နည်းပြ)” တွေအချင်းချင်း ကြားမှာလည်း ကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေတာကြောင့် “Two competitions In One” အဖြစ် ယှဉ်ပြိုင်မှု နှစ်မျိုးနှစ်စားကို ပြိုင်ပွဲတစ်ခုထဲမှာ မြင်တွေ့ရမယ့် အစီစဉ်ပဲဖြစ်ပါတယ်။
 
ဒါကြောင့်မို့ Coach တွေ အနေနဲ့လည်း တော်ရုံတန်ရုံ အရည်အသွေးလောက်နဲ့ သူတို့ရဲ့ အသင်းသားအဖြစ် ရွေးချယ်မှာ မဟုတ်လို့ ထူးခြားတဲ့ အသံပိုင်ရှင်စစ်စစ်တွေကိုသာ ကြည့်ရှုရမယ့် တစ်ကယ့် Quality Show ဖြစ်တာကို Season 1 မှာထဲက ပရိသတ်တွေ မြည်းစမ်းခဲ့ပြီးဖြစ်ပါတယ်။
 
ယခုနှစ် Season 2 မှာတော့ ပြိုင်ပွဲ Levels တွေအဖြစ် (Online Auditions, Blind Auditions, The Battle Rounds, Knock Out Rounds နဲ့ Live Broadcast) အဖြစ် Level 5 ခု အပြည့် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ 
 
Online Auditions
 
The Voice Myanmar က ပြိုင်ပွဲဝင်များကို ပထမဦးစွာ အွန်လိုင်းမှတစ်ဆင့် လျှောက်လွှာများ ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။ လျှောက်လွှာရှင်များထဲမှ ပထမအဆင့်အနေနဲ့ အလားအလာရှိသူများကို ရွေးချယ်ခေါ်ယူပြီး လူတွေ့စစ်ဆေးမှုများကို ပြုလုပ်၍ Blind Audition အဆင့်အတွက် ထပ်မံရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 
(Online Auditions ကို တီဗီတွင် ထုတ်လွှင့်ပြသမည်မဟုတ်ပဲ  Blind Auditions အဆင့်မှသာ စတင်ပြသမည်)
 
 
Blind Auditions
 
 
ဒီအဆင့်ကတော့ The Voice Myanmar ရဲ့ အထင်ကရ ဂီတပညာရှင် Coach လေးဦးနဲ့ ပြိုင်ပွဲဝင်တို့ စတင်တွေ့ဆုံရမယ့်  Season တစ်ခုအစရဲ့ ပွဲဦးထွက် အဆင့်ပဲဖြစ်ပါတယ်။ 
ဒီနေရာမှာ The Voice ဟာ အခြားသီချင်းဆိုပြိုင်ပွဲနဲ့ လုံးဝမတူတဲ့ စိတ်လှုပ်ရှားမှုများကို ပရိသတ်တွေကိုယ်တိုင် ရင်ခုန်ရမှာဖြစ်ပါတယ်။
 
တိတ်ဆိတ်ငြိမ်သက်နေတဲ့ Audition ခန်းမထဲမှာတော့ နောက်ကျောပေးထားတဲ့ အနီရောင်ခုံလေးလုံးမှာ Coach လေးဦးက အသင့်အနေအထားရှိနေပြီး ယှဉ်ပြိုင်ရမယ့်သူက အသံစစ်ခန်းမထဲကို ဝင်လာရမှာဖြစ်ပါတယ်။ 
 
ဒီနေရာမှာ ဖြူတာ မဲတာ၊ ရုပ်ချောတာတွေ၊ Cute ဖြစ်တာတွေ၊ ဟာသလုပ်ပြတာတွေ၊ အသက်ကြီးတာတွေ ငယ်တာတွေ စသည်ဖြင့် ပြိုင်ပွဲဝင်ရဲ့ အပြင်ပန်း ရုပ်ရည်ကို Coach တွေ လုံးဝ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ 
ပြိုင်ပွဲဝင်ရဲ့ အသံတစ်ခုထဲပေါ်မှာသာ ဆုံးဖြတ်ရွေးချယ်သွားမှာ ဖြစ်လို့ ပြိုင်ပွဲဝင်အားလုံးဟာ သူတို့ရဲ့ ပင်ကိုယ်အသံပေါ်မှာ မူတည်ပြီး တူညီတဲ့ အခွင့်အရေးရရှိမှာဖြစ်ပါတယ်။
ဒါဟာ The Voice ရဲ့ ထူးခြားတဲ့အသံပိုင်ရှင်ကိုသာ ရွေးချယ်ရမယ်ဆိုတဲ့ ဦးတည်ချက်ပဲဖြစ်ပါတယ်။
 
Coach တွေဟာ နားထောင်နေရင်း ယှဉ်ပြိုင်သူကို နှစ်သက်ပြီး ရွေးချယ်မယ်လို့ ဆုံးဖြတ်တဲ့အချိန်ကျမှ သူ့ရဲ့ခုံမှာတပ်ဆင်ထားတဲ့ စက်ခလုပ်ကိုနှိပ်ပြီး ခုံကို သီဆိုယှဉ်ပြိုင်သူဘက်သို့ ပြန်လှည်ကာ ဆက်လက်အားပေးနိုင်မှာဖြစ်ပါတယ်။ Coach တွေဟာ သီချင်းမပြီးဆုံးမီထိသာ ခလုပ်နှိပ်ပြီးရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ သီချင်းဆုံးသွားရင်တော့ ရွေးချယ်ခွင့် ဆုံးရှုံးသွားမှာမို့ Coach တွေ အတွက်လည်း ရွေးမယ်/မရွေးဘူး ဆိုတာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။
 
သီဆိုအသံစစ်ခံမှု ပြီးဆုံးသွားချိန်တွင် ပြိုင်ပွဲဝင်သူအား ခလုပ်နှိပ်ကာ ရွေးချယ်ခဲ့သည့် Coach တစ်ဦးထက်ပိုခဲ့ပါက ပြိုင်ပွဲဝင်က မည်သူထံသို့သွားမည်ဆိုတာကို ဆုံးဖြတ်ရွေးချယ်ရမှာဖြစ်ပါတယ်။
ဒီလိုနဲ့ အကောင်းဆုံး ပြိုင်ပွဲဝင်တွေကို စုဆောင်းရင်း နောက်ဆုံးမှာ Coach တစ်ဦးချင်းစီအတွက် အကောင်းဆုံးပြိုင်ပွဲဝင် (၁၂) ယောက်ပါဝင်တဲ့ အသင်းတစ်သင်းစီနဲ့ အသင်း ၄ သင်း ရရှိလာမှာဖြစ်ပါတယ်။
 
 
The Battle Rounds
 
 
ဒီအဆင့်မှာတော့ Coach တစ်ဦးချင်းစီအောက်မှာ ရှိနေတဲ့ အဖွဲ့တူပြိုင်ပွဲဝင်အချင်းချင်း သီချင်းတစ်ပုဒ်ကို နှစ်ဦးအတူတူသီဆိုပြီး ယှဉ်ပြိုင်ရမယ့် အဆင့်ဖြစ်ပါတယ်။ 
သီဆိုရမယ့် သီချင်းနဲ့ ယှဉ်တွဲသီဆိုရမယ့် ပြိုင်ပွဲဝင် နှစ်ဦးကို သက်ဆိုင်ရာ Coach တွေကိုယ်တိုင် ရွေးချယ်တွဲပေးမှာ ဖြစ်လို့ Coach ရဲ့ ညွှန်ကြားနိုင်မှု စွမ်းရည်ကို မြင်တွေ့ရမယ့် အဆင့်ဖြစ်ပါတယ်။
 
သီချင်းတစ်ပုဒ်ကို နှစ်ယောက်တွဲ သီဆိုယှဉ်ပြိုင်ပြီးချိန်မှာတော့ သက်ဆိုင်ရာ Coach ကသာ ပြိုင်ပွဲဝင်တစ်ဦးကိုသာ ရွေးချယ်ရမှာဖြစ်ပြီး ကျန်တစ်ဦးကိုတော့ လက်လွှတ်လိုက်ရမှာဖြစ်ပါတယ်။
 
ဒီအဆင့်မှာတော့ Season 1 တုန်းက ဆိုရင် လက်လွှတ်လိုက်ရတဲ့ ပြိုင်ပွဲဝင်ဟာ တစ်ခါထဲ နှုတ်ဆက်ထွက်ခွာ အိမ်ပြန်သွားခဲ့ရပါတယ်။
အခု Season 2 မှာတော့ “Steal” ဆို့တဲ့ အခွင့်အရေး တစ်ခုရှိနေပြီး လက်လွှတ်လိုက်ရတဲ့ ပြိုင်ပွဲဝင်ကို အခြား Coach တစ်ယောက်ယောက်က သဘောကျရင် သူ့အသင်းထဲကို ခေါ်ယူခွင့်ရှိပါတယ်။ Coach တစ်ယောက်ထက်ပိုပြီး သဘောကျခဲ့ရင်တော့ ပြိုင်ပွဲဝင်က ဘယ်သူ့ဆီသွားမလဲဆိုတာ ပြန်ပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
 
သတိထားရမှာကတော့ Battel Rounds အဆင့်အားလုံးမှာ Coach တစ်ယောက်ကို “Steal” လုပ်ခွင့် ၂ ကြိမ်သာ ခွင့်ပြုထားတဲ့အတွက် သေသေချာချာ စဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။
Battel Rounds အဆင့်အားလုံး ပြီးဆုံးချိန်မှာတော့ Coach တစ်ဦးချင်းစီမှာ လက်ရွေးစဉ် ပြိုင်ပွဲဝင် (၈) ယောက် ကျန်ရှိနေမှာဖြစ်ပါတယ်။
 
 
Knock Out Rounds
 
 
Coach တွေ “Steal” လုပ်ခွင့်ရှိလာတာကြောင့် ထပ်တိုးလာတဲ့ အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ ဒီအဆင့်ကတော့ Battle Rounds နဲ့ ခပ်ဆင်ဆင်တူပါတယ်။ Coach က ကိုယ့်ရဲ့ အသင်းထဲက အဖွဲ့သားနှစ်ယောက်စီကို တစ်တွဲ တွဲပေးရတာဖြစ်ပါတယ်။ 
ဒါပေမယ့် Battle Rounds တုန်းကလို သီချင်းတစ်ပုဒ်ထဲကို နှစ်ယောက် ပြိုင်ဆိုဖို့ မလိုပါဘူး။ စီစဉ်ပေးထားတဲ့ နှစ်သက်ရာ သီချင်းတစ်ပုဒ်စီကိုပဲ တစ်ယောက်ပြီးမှ တစ်ယောက် တစ်လှည့်စီ အားပြိုင် သီဆိုယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
 
နှစ်ယောက်စလုံး သီဆိုပြီးသွားတဲ့အခါ Coach က တစ်ယောက်ကိုသာ ရွေးချယ်ရမှာဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ဒီတစ်ကြိမ်မှာ အမှန်တစ်ကယ် နှုတ်ဆက်ထွက်ခွာ အိမ်ပြန်ရမှာဖြစ်ပါတယ်။
Knock Out Rounds တွေအပြီးမှာတော့ Coach တစ်ဦးခြင်းစီမှာ အသင်းသား (၄) ယောက်သာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။
 
 
The Live Broadcast 
 
ဒီအဆင့်မှာတော့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုနဲ့အတူ ပြိုင်ပွဲဝင်တွေအတွက် အဆုံးအဖြတ်ကို ပရိသတ်ကြီးက ဆုံးဖြတ်ပေးရမှာဖြစ်ပါယ်။ Coach တွေအနေနဲ့ကေတာ့ ပြိုင်ပွဲဝင်တွေကို အကြံဉာဏ်လောက်သာပေးနိုင်ပြီး လုံးဝဆုံးဖြတ်ပိုင်ခွင့် မရှိတော့ပါဘူး။  
ပရိသတ်ရဲ့ မဲအဆုံးဖြတ် Vote system နဲ့အတူ (အသင်းတစ်သင်း)Coach တစ်ဦးခြင်းစီကနေ အပတ်စဉ် မဲအနဲဆုံး ပြိုင်ပွဲဝင် နှစ်ယောက်က အိမ်ပြန်သွားကြရမှာဖြစ်ပါတယ်။
 
အဆင့်ဆင့်ယှဉ်ပြိုင်ပြီး နောက်ဆုံး Final Show မှာတော့ The Voice Myanmar 2019 ရဲ့ ထူးခြားတဲ့ အသံပိုင်ရှင် တစ်ဦးကို ပရိသတ်ကြီးကိုယ်တိုင် ထပ်မံ မွေးထုတ်ပေးနိုင်ဦးမှာဖြစ်ပါတယ်။
 
The Voice Myanmar 2019 ရဲ့ Winner ဆုရှင်ဟာ Grand Prize နဲ့အတူ တန်ဖိုးဖြတ်လို့မရတဲ့ အမေရိကန်ကမ္ဘာကျော် တေးထုတ်လုပ်ရေး Universal Music နဲ့ သီချင်းအယ်လ်ဘမ် အခွေထုတ်ခွင့်ရရှိမှာဖြစ်ပါတယ်။
 
 
The Voice Myanmar 2019 (Season 2) ကို တနင်္ဂနွေနေ့ ဖေဖော်ဝါရီ ၂၄ ည ၉ နာရီမှာ MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်တော့မှာဖြစ်လို့ စောင့်မျှော်ကြည့်ရှု အားပေးကြနိုင်ပါပြီ။
 
The Voice Myanmar Facebook နဲ့ Popolay Facebook Page တို့ကလည်း The Voice Myanmar Season 2 နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ပရိသတ်ကြီးနဲ့ အမြဲတမ်း ချိပ်ဆက်ပေးသွားမှာ ဖြစ်လို့ Like & See First လုပ်ထားကြဖို့ မမေ့ကြပါနဲ့ဦးနော်။
 
(ပိုပိုလေး)
 

22 Feb 2019     1,773 Views




RELATED

Most Popular of Special or Others

Most Popular of NEWS