BEC-TERO TV

ဗီတာမင်များအကြောင်းသိကောင်းစရာ

17 Aug 2015     1,614 Views


ဗီတာမင် B ဓါတ်ဟာ ခန္ဓာကိုယ်အတွက်အလွန်အရေးကြီးတဲ့ ဓါတ်တမျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ ဗီတာမင်ဓါတ်တွေကတော့ ဗီတာမင် B1 ၊ ဗီတာမင် B2 ၊ ဗီတာမင် B3 ၊ ဗီတာမင် B6 နဲ့ Folic Acid တို့ ဖြစ်ပါတယ်။ ဗီတာမင် B1 ချို့တဲ့ခဲ့ရင် ခြေလက်ထုံကျဉ်ခြင်းရောဂါ ၊ကိုယ်လက်လှုပ်ရှားမှုပုံမမှန်ခြင်း ၊အစားစားချင်စိတ်မရှိခြင်း ၊ပင်ပန်းနွမ်းနယ်ခြင်း ၊ခြေလက်ကြွက်သားများအားနည်းခြင်း တို့အပြင် နှလုံးလုပ်ဆောင်မှုကို ထိန်းချုပ်ပေးတဲ့အာရုံကြောတွေကိုထိခိုက်နိုင်တဲ့အတွက် ရုတ်တရက်နှလုံးရပ်ခြင်းများဖြစ်ပေါ်စေပါတယ်။
 
ဗီတာမင် B1 ချို့တဲ့ခြင်း ဖြစ်ပေါ်ရခြင်းက အဖြူရောင်ဖြစ်အောင်ချွတ်ထားတဲ့လုံးတီးဆန်ကို စားတဲ့သူတွေ ၊ ဂျုံနဲ့သကြားဓာတ် အများဆုံးပါတဲ့အစားအစာတွေကို စားသုံးတဲ့သူတွေမှာဖြစ်စေနိုင်ပါတယ် ။မွေးခင်းစကလေးတွေမှာလဲ  ဗီတာမင် B1 ချို့တဲ့ခြင်းကို တွေ့ရှိနိုင်ပါတယ်။ ဒီလို ဖြစ်ကတာကတော့ ဗီတာမင် B1 ချို့တဲ့တဲ့နို့တိုက်မိခင်တွေရဲ့ကလေးတွေမှာ အများဆုံးဖြစ်ပါတယ်။ ဗီတာမင် B1 ချို့တဲ့တာကို အစောပိုင်းမှာ သိရှိခဲ့မယ်ဆိုရင် အစားအသောက်ကို မှန်ကန်အောင်ပြုပြင်ထိန်းသိမ်းပြီးစားသုံးပေးခြင်းဖြင့် လျှင်မြန်စွာပျောက်ကင်းစေပြီး ပုံမှန်အခြေအနေကို ပြန်လည် ရောက်ရှိစေနိုင်ပါတယ်။
 
ဗီတာမင် B2 ချို့တဲ့ခဲ့ရင်တော့ မျက်စိ အမြင်ပုံ မမှန်ခြင်း ၊တောက်ပသော အလင်းကို ကြည့် ရင်မျက်လုံးကိုက်ခြင်း ၊မျက်လုံးနီ၍ ကိုက်ခြင်း ၊ကိုယ်အလေးချိန် ကျခြင်း ၊သွက်လက်မှုမရှိခြင်းတို့ဖြစ်နိုင်ပါတယ်။ထို့ကြောင့် ဗီတာမင် B2 ချို့တဲ့ခြင်း မရှိအောင် အစိမ်းရောင်ရှိသော အရွက်များ ၊နို့ နဲ ဥအမျိုးမျိုးတို့ကို လုံလောက်အောင်စားပေးသင့်ပါတယ် ။ 
 
ဗီတာမင် B3 ချို့တဲ့ခဲ့ရင်တော့ အသားအရေခြောက်သွေ့ပြီး အက်ကွဲမှုတွေရှိနိုင်ပါတယ်။တစ်ခါတစ်လေ အရည်ကြည်ဖုတွေထိနိုင်ပါတယ်။ ဖြစ်နိုင်တဲ့နေရာတွေကတော့ အဝတ်အစား ဖုံးကွယ်မှုမရှိတဲ့ ခြေ ၊လက် ၊မျက်နှာ နဲ့လည်ပင်းတွေမှာ အဓိက တွေ့ရပါတယ်။ ဗီတာမင် B3 ချို့တဲ့ခဲ့မယ်ဆိုရင် အစားမစားခြင်း ၊အစာမကျေခြင်း ၊ဝမ်းသွားတက်ခြင်းတို့ဖြစ်တက်ပါတယ်။
 
ဒီရောဂါ ဝေဒနာရှင်တေါက အရက်သောက်တဲ့သူတွေမှာ ပိုမို အတွေ့များပါတယ်။ တစ်ခြား လက္ခဏာအနေနဲ့ နွမ်းနယ်ခြင်း၊မူးဝေတက်ခြင်း ၊ အိပ်မပျော်ခြင်း ၊ အာရုံခံ စနစ် ပုံမှန်မဟုတ်ခြင်း တို့ဖြစ်နိုင်ပါတယ် ။ဒီရောဂါတွေကိုတော့  စနစ်ကျမှန်ကန်တဲ့အစားအသောက်တွေကို စားသုံးခြင်းဖြင့် ကုသပျောက်ကင်းစေနိုင်ပါတယ် ။ ဗီတာမင် B12 ကတော့ ချို့တဲ့ခဲ့ရင် သွေးအားနည်းရောဂါ ၊ခြေလက်ထုံကျင်ခြင်းများဖြစ်ပေါ်စေနိုင်ပါတယ်။ Folic Acid ချို့တဲ့ခဲ့ရင်တော့  ဗီတာမင် B12 ချို့တဲ့တာနဲ့တူညီပြီးတော့သွေးအားနည်းရောဂါကိုဖြစ်စေပါတယ်။
 
အဓိက အားဖြင့် Folic Acid ချို့တဲ့မှုကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ကလေးငယ်တွေမှာ အဓိကတွေ့ရပါတယ်။ Folic Acid ချို့တဲ့ခြင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါ အမျိုးအစားကို ၅လမှ ၁၂ လအရွယ်ကလေးများမှာ အဓိကတွေ့ရပြီးလမစေ့ပဲမွေးသောကလေးများမှာလဲတွေ့ရတက်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ၁ဝရာခိုင်နှုန်းကတော့ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံး၃လမြောက်မှာ folic Acid သွေးအားနည်း ခြင်းတွေ ဖြစ်ပေါ်တက်ပါတယ်။
 
ဗီတာမင် B6 ချို့တဲ့တဲ့ ကလေးတွေကတော့ တက ်တက်တဲ့လက္ခဏာရှိတဲ့အတွက်ကြောင့်သေချာ ကရုစိုက်ပေးသင့်ပါတယ်။ဒီလိုကလေးတွေဟာဗီတာမင် B6ဆုံးရှုံးသွားအောင် ပြုပြင်ပြောင်းလဲအောင်ဖန်တီးထားတဲ့ နို့၊အစားအစာတွေကိုစားသုံးခြင်းကြောင့် ဗီတာမင်တွေဆုံးရှုံးရခြင်းဖြစ်ပါတယ်။ မိခင်နို့ ၊နွားနို့၊ဥအမျိုးမျိုး ၊အစိမ်းရောင်အသီးအရွက်တွေဟာ ပုံမှန်အားဖြင့်သဘာဝအာဟာရတွေပြည့်စုံနေပါတယ်။ အစာအုပ်စု ၅အုပ်စုလုံးပြည့်စုံအောင်စားသုံးခြင်းဖြင့် ဗီတာမင် ဓါတ်တွေ ဆုံးရှုံးခြင်းမှု သက်သာနိုင်ပါတယ်။

17 Aug 2015     1,614 Views




RELATED

Most Popular of Health Fix

Most Popular of Life Style