BEC-TERO TV

စင်ကာပူနိုင်ငံ သုဿာန်တွင် တရားမဝင်နေထိုင်သူ မြန်မာအမျိုးသား ၆ ဦး ဖမ်းဆီးမိ

22 Feb 2019     1,377 Views


ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တရားမဝင်နေထိုင်သော မြန်မာအမျိုးသား ၆ ဦးကို စင်ကာပူနိုင်ငံ ချွဲချူးကန် စီရင်စုရှိ သုဿာန် တစ်ခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း စင်ကာပူနိုင်ငံ လူဝင်မှုကြီးကြပ်ရေးမှ သတင်းထုတ်ပြန်ထားသည်။
 
 
လူဝင်မှုကြီးကြပ်ရေး၏ တရားမဝင်နေထိုင်သူများ ရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်စဉ် ဖမ်းဆီးရမိသော နေရာအနီးတဝိုက်တွင် အမျိုးသားတစ်ဦးက ရဲအရာရှိအား မြင်ပြီး ထွက်ပြေးသွားခဲ့ရာမှ ခြေရာခံ၍ လိုက်လံဖမ်းဆီးခဲ့ရာ အခြားနောက်ထပ် အမျိုးသား ၅ ဦးကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
 
 
အမျိုးသား ၆ ဦးအား သုဿာန်ထဲတွင် ယာယီတဲထိုးကာ နေထိုင်ကြပြီး စစ်ဆေးကြည့်ရာ တရားမဝင်နေထိုင်နေကြသော မြန်မာနိုင်ငံသားများ ဖြစ်ပြီး မြေကျင်းတူးသူ(သုဘရာဇာ) အဖြစ် လုပ်ကိုင်နေကြကြောင်း ထွက်ဆိုခဲ့သည်။  ဖမ်းဆီခံရသူ ၆ ဦးမှာ အသက် ၂၂ နှစ်ကနေ ၄၂ နှစ်အရွယ်ထိ ပါဝင်ပြီး စင်ကာပူနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
 
 
စင်ကာပူနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ရက်ကျော်(သို့)တရားမဝင် နေထိုင်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၆ လနဲ့အထက် နဲ့အတူ အနည်းဆုံး ကြိမ်ဒဏ် ၃ ချက် အပြစ်ပေးခံရမှာဖြစ်ပါတယ်။ နိုင်ငံထဲမှာ တရားမဝင် ထွက်ခွာသွားပါက ထောင်ဒဏ် ၆ လထက်မပိုသော ပြစ်ဒဏ်နဲ့ စင်ကာပူဒေါ်လာ ၂၀၀၀ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပါတယ်။
 
(ပိုပိုလေး)

22 Feb 2019     1,377 Views




RELATED

Most Popular of International News

Most Popular of NEWS