BEC-TERO TV

ထူးထူးဆန်းဆန်း ဆပ်ပြာတုံးကိုမှ ချဉ်ခြင်းတက်တဲ့ ဗိုက်ကြီးသည် (ရုပ်သံ)

22 Feb 2019     1,815 Views


အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ်မှာ ချဉ်ခြင်းတက်တဲ့ စိတ်ဟာ ထူးဆန်းလွန်လို့ ဘာကြောင့် ဖြစ်ရတယ်ဆိုတာ ပညာရှင်တွေကိုယ်တိုင် တိတိကျကျအဖြေရှာလို့ မရသေးပါဘူး။ ဒါ့အပြင် တစ်ယောက်နဲ့ တစ်ယောက် ချဉ်ခြင်းတက်ပြီး စားချင်သောက်ချင်တာခြင်းလည်း မတူပါဘူး။ 
 
အင်ဒိုနီးရှားနိုင်ငံက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကတော့ အနံ့သင်းပျံ့တဲ့ ကိုယ်တိုက်ဆပ်ပြာတုံးတွေကိုမှ ရွေးပြီးတော့ ချဉ်ခြင်းတက် အရသာတွေ့ပြီး စားသောက်နေခဲ့ပါတယ်။ “Khosik Assyifa” လို့ အမည်ရတဲ့ အမျိုးသမီးဟာ လက်ရှိမှာ ကိုယ်ဝန်ဆောင် မဟုတ်တော့ပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်ခန့်က သူမကိုယ်ဝန်ဆောင်ထားချိန် မမျှော်လင့်ပဲ ရေချိုးခန်းထဲမှာ ရေချိုးရာကနေ ဆပ်ပြာပါးစပ်ထဲဝင်ခဲ့ပြီး ဆပ်ပြာရဲ့ အရသာဟာ သူ့ရဲ့ ချဉ်ခြင်းကို ပြေပျောက်စေခဲ့ပါတယ်။
 
အဲဒီအချိန်ထဲကစပြီး အနံ့မွှေးတဲ့ ဆပ်ပြာတုံးတွေကို စားလာတာ အခုချိန်ထိ ဖြစ်ပါတယ်၊ သူမရဲ့ ခင်ပွန်းဖြစ်သူက တားမြစ်ပေမယ့် စွဲလန်းစိတ်ကို တားမရပဲ ခင်ပွန်းသည် လစ်တာနဲ့ ဆပ်ပြာတုံးကို စားတော့တာပါပဲ။
 
ရုပ်သံမှာ Giv ကိုယ်တိုက်ဆပ်ပြာတုံးကို လျှာနဲ့လျက်ပြီး ခိုးစားနေတာကို တွေ့ရပါတယ်။ သူမ ဆပ်ပြာကြိုက်တဲ့အကြောင်းကို ဝန်ခံခဲ့ပြီး အင်စတာဂရမ်ပေါ် တင်ခဲ့တဲ့ အဆိုပါရုပ်သံဟာ ကြည့်ရှုသူ ၄ သိန်းနီးပါးရှိနေပြီဖြစ်ပါတယ်။
 

 
ဒီရုပ်သံကို ကြည့်ပြီး ပိုပိုလေး ပရိသတ်တွေ သူမလို ဆပ်ပြာ လိုက်မစားကြဖို့ မေတ္တာရပ်ခံပါတယ်နော်..။

22 Feb 2019     1,815 Views




RELATED

Most Popular of Special or Others

Most Popular of NEWS