BEC-TERO TV

ရွှေအဆင်း ရွှေဝါရောင်တွေဖုံးလွှမ်းနေတဲ့ သူထူးစံနဲ့ ထိုက်ဆုဝင်းတို့ရဲ့ မင်္ဂလာဧည့်ခံပွဲ

22 Feb 2019     1,806 Views


ပရိသတ်တိုင်း သဘောကျနှစ်ခြိုက်အားပေးရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး လူပျိုကြီးဂုဏ်ကို နှစ်အကြာကြီးထိန်းသိမ်းလာတဲ့ သရုပ်ဆောင်သူထူးစံကတော့ ၂၀၁၈ ခုနှစ် နှစ်ကုန်မှာပဲ အစွံထုတ်သွားတာပဲဖြစ်ပါတယ်။ မီဒီယာတွေ၊ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေကို ကြိုတင်အသိမပေးပဲ ရုတ်တရက်ဆိုသလို အိမ်ထောင်ပြုလိုက်တာပဲဖြစ်ပါတယ်။

သူထူးစံရဲ့ဇနီးလောင်းလေး ထိုက်ဆုဝင်းဟာဆိုရင်လည်း အနုပညာလောကထဲမှာ ရပ်တည်နေတဲ့သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူထူးစံတို့ဇနီးမောင်နှံကတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့က နေပြည်တော်မှာ မင်္ဂလာဦးဆွမ်းကပ်လှူခဲ့ကြတာပဲဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ ရုပ်ရှင်သရုပ်ဆောင် သူထူးစံနဲ့ ဇနီးဖြစ်သူ ထိုက်ဆုဝင်းတို့ဟာ ရန်ကုန် Novotel Hotel မှာ မင်္ဂလာဧည့်ခံပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ ရွှေအဆင်း ရွှေဝါရောင်တွေဖုံးလွှမ်းနေတဲ့ မင်္ဂလာဧည့်ခံပွဲလေးကိုတော့ အနုပညာရှင်များစွာက စည်စည်ကားကားနဲ့ တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

သူထူးစံတို့ဇနီးမောင်နှံရဲ့ မင်္ဂလာဧည့်ခံပွဲလေးဟာဆိုရင် မြန်မာ့ရိုးရာယဉ်ကျေးမှုတွေဖုံးလွှမ်းအောင်  မြန်မာ့ဂီတ မြန်မာ့နန်းဝတ်နန်းစားနဲ့ မြန်မာဆန်ဆန်လေးကျင်းပပြုလုပ်ခဲ့တဲ့ ပွဲလေးတစ်ပွဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် သရုပ်ဆောင်သူထူးစံနဲ့ ဇနီးချောလေး ထိုက်ဆုဝင်းတို့ရဲ့ မင်္ဂလာဧည့်ခံပွဲပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Photos_MC & Cele 7

 


22 Feb 2019     1,806 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS