BEC-TERO TV

ချလ်ဆီးအသင်းကို အနိုင်ယူပြီး လိဂ်ဖလားကို ထိုက်ထိုက်တန်တန် ဆွပ်ခူးခဲ့တဲ့ မန်စီးတီး

25 Feb 2019     1,642 Views


ချလ်ဆီး ၀-၀ မန်စီးတီး (ပင်နတီမှာ မန်စီးတီးနိုင် )

မနေ့က ကွာရာဘောင်း လိဂ်ဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်မှာတော့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ချလ်ဆီးအသင်းကို ပင်နတီမှာ အနိုင်ယူပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။နှစ်သင်းစလုံးဟာ ဖိုင်နယ်ပွဲ မှာ ရသမြောက်တဲ့ ပွဲတစ်ပွဲကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

မန်စီးတီးက အဓိက ကစားသမားတွေ လူစုံခဲ့ပေမယ့် ချလ်ဆီးကတော့ တိုက်စစ်မှူးတွေကို မသုံးဘဲ ဟာဇက်ကို False No 9 ပုံစံ ထားကစားခဲ့ပါတယ်။ ပထမပိုင်းမှာ ပွဲကို စိုးမိုးထားတဲ့ မန်စီးတီးကို ဒုတိယပိုင်းမှာ ချလ်ဆီးက အကောင်းဆုံး တုန့်ပြန် ကစားနိုင်ခဲ့ပါတယ်။ မိနစ် ၉၀ပြည့်တဲ့အထိ ဂိုးမသွင်းနိုင်လို့ အချိန်ဆက်ကစားခဲ့ရာမှာလည်း ဂိုးမသွင်းနိုင်လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

ပင်နယ်တီ ကန်ခါနီးမှာ ချလ်ဆီးဆီးဖက်က ဒဏ်ရာရနေတဲ့ ဂိုးသမား ကတ်ပါကို ထုတ်ပြီး ကာဗယ်ယာရိုကို ထည့်သွင်းခဲ့ပေမယ့် ကစားသမားက ငြင်းဆိုခဲ့လို့ လူလဲမှု မဖြစ်ခဲ့ဘဲ ပင်နယ်တီ ကန်ခဲ့ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ချလ်ဆီးဖက်က ဂျော်ဂျင်ညို၊ ဒါးဗစ် လု့ဇ်တို့ လွဲချော်ခဲ့ပြီး မန်စီးတီးက ဆာနေ လွဲချော်ခဲ့ပေမယ့် မန်စီးတီးက ၄-၃ဂိုးနဲ့ နိုင်ပြီး လိဂ်ဖလားမှာ ၆ကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ လက်ရှိချန်ပီယံ ဘွဲ့ကို ကာကွယ်နိုင်တဲ့ တတိယမြောက် အသင်းလည်း ဖြစ်လာသလို အအောင်မြင်ဆုံး စာရင်းမှာ လီဗာပူးလ်နောက် ဒုတိယနေရာကို တက်လာခဲ့ပါတယ်။


25 Feb 2019     1,642 Views




RELATED

Most Popular of Football

Most Popular of Sport