BEC-TERO TV

အိမ်ထောင်ရေးဖောက်ပြန်သူ နှစ်ဦးကို အဝတ်ဗလာနဲ့ သစ်ပင်မှာကြိုးတုတ် အပြစ်ပေး (ရုပ်သံ)

26 Feb 2019     1,852 Views

တရုပ်နိုင်ငံတွင် အိမ်ထောင်ရေးဖောက်ပြန်တဲ့ လင်ယောကျ်ားနဲ့ အငယ်အနှောင်း အမျိုးသမီးတို့ကို ဇနီးဖြစ်သူက လက်ပူးလက်ကြပ်ဖမ်းဆီးပြီး အဝတ်အစားအားလုံးချွတ်ကာ လူမြင်ကွင်းရှိ သစ်ပင်တစ်ပင်မှာ ကြိုးနဲ့တုတ်ကာ အရှက်ခွဲ အပြစ်ပေးတဲ့ ရုပ်သံ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပါတယ်။
 
ဇနီးသည်အမျိုးသမီးဟာ သူမရဲ့ဆွေမျိုးတွေ အကူအညီနဲ့ ဖောက်ပြန်နေတဲ့ ယောကျ်ားနဲ့ သူ့ရဲ့ချစ်သူတို့ကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ ရုပ်သံမှာ ကြိုးတုတ်ခံထားရတဲ့ အမျိုးသမီးဟာ သူမရဲ့ အရှက်ကို ကာကွယ်ဖို့ ရင်သားတွေကို လက်နဲ့ ဖုံးဖိနေတာတွေခဲ့ရပါတယ်။
 
တရုပ်နိုင်ငံ ဂွီကျိုးစီရင်စုမှာ ဖြစ်ပွားခဲ့ပြီး ကြည့်ရူသူတွေ အုံခဲနေတာကိုတွေ့ရပါတယ်။ အချို့လူတွေရဲ့ မျက်နှာက ရယ်ကျဲကျဲနဲ့ ကြိုးတုတ်ခံထားရတဲ့ စုံတွဲကို သနားရမလား သူ့အပြစ်နဲ့သူ ဒီတိုင်းလွှတ်ထားရမလားဆိုတာ ဝေခွဲမရတဲ့ ပုံဖြစ်နေတာ တွေ့ရပါတယ်။
 
တရုပ်နိုင်ငံက ဇနီးမယားတွေဟာ အိမ်ထောင်ရေးဖောက်ပြန်မှုကို လုံးဝခွင့်မလွှတ်ပဲ အမိအရဖမ်းပြီး အခုလို လူပုံအလယ်မှာ အရှက်တကွဲအကျိုးနည်းဖြစ်အောင် လုပ်နေတာဟာ ယဉ်ကျေးမှုအလေ့အထလိုတောင် ဖြစ်နေပါပြီ။ တရုပ်မတွေ ယူထားသူတွေ သတိထားကြပါဦးနော်..။
 
RELATED

Most Popular of Special or Others

Most Popular of NEWS