BEC-TERO TV

လူစားလဲဖို့ ငြင်းဆန်ခဲ့တဲ့ ကီပါကိုဒဏ်ရိုက်ခဲ့တဲ့ချလ်ဆီး

26 Feb 2019     1,302 Views


တနင်္ဂနွေနေ့က မန်စီးတီးနဲ့ကစားခဲ့တဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲမှာလူစားလဲဖို့ငြင်းဆန်ခဲ့တဲ့ အသင်းရဲ့ဂိုးသမား ကီပါကို ချလ်ဆီးအသင်းက သူ့ရဲ့ တစ်ပတ်လုပ်ခ လစာကို ဒဏ်ရိုက်ခဲ့ပါတယ်။

အချိန်ပိုဒုတိယပိုင်းပီးခါနီးမှာ ဒဏ်ရာရသွားတဲ့ ကီပါရဲ့နေရာမှာ ကာဘယ်လာရိုနဲ့ လူစားလဲဖို့ပြင်ဆင်ခဲ့တာဖြစ်ပြီး ကီပါကတော့ ကွင်းထဲကနေထွက်ဖို့ငြင်းဆန်ခဲ့တာပါ။
အဆိုပါလုပ်ရပ်အပေါ် နည်းပြဆာရီဟာလည်း အကြီးအကျယ်ဒေါသထွက်ပေါက်ကွဲခဲ့ပါတယ်။

ပင်နယ်တီဆက်ကန်တဲ့အခါမှာ ဆာနေးရဲ့ ပင်နယ်တီကိုကာကွယ်နိုင်ခဲ့ပေမယ့် 
အလွယ်တကူကာကွယ်နိုင်သင့်တဲ့ အဂူရိုရဲ့ ကန်ချက်ခပ်နိမ့်နိမ့်ကိုခွင့်ပြုခဲ့ရလို့ ကီပါအပေါ်ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။

 “ ဒီအဖြစ်အပျက်နဲ့ပတ်သတ်ပြီး ကီပါ နဲ့ ကျနော် စကားပြောပြီးပါပြီ။ ဒါဟာ နားလည်မှုလွဲသွားတာပါ။ ဒါပေမယ့် ကီပါကတော့ သူအမှားလုပ်ခဲ့တယ်ဆိုတာကို နားလည်ပါတယ်။ဒီအတွက်လည်း ကျနော် ၊ အသင်း နဲ့ သူ့ရဲ့ကစားဖော်တွေကို သူတောင်းပန်ပြီးပါပြီ လို့ ဆာရီကပြောပါတယ်။

ချလ်ဆီးအသင်းဟာ ကီပါရဲ့တစ်ပတ်လုပ်ခလစာ ကို Chelsea Foundation သို့လှူဒါန်းသွားမှာဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။

 

 


26 Feb 2019     1,302 Views




RELATED

Most Popular of Football

Most Popular of Sport