BEC-TERO TV

2019 မတ်လမှာစစ်မှုထမ်းရဖို့ သေချာသွားပြီဖြစ်တဲ့ လီဂျောင်ဆော့

26 Feb 2019     1,499 Views


တောင်ကိုးရီးယားရဲ့ ဒိတ်ဒိတ်ကျဲမင်းသား လီဂျောင်ဆော့ဟာ တောင်ကိုးရီးယားရဲ့ ယောင်္ကျားသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ့် ဥပဒေအရ မကြာခင် Public Service Agent အနေနဲ့ အမှုထမ်းရတော့မှာဖြစ်ပါတယ်။

လတ်တလော tvN ရုပ်သံလိုင်းမှာ ထုတ်လွှင့်နေတဲ့ ဂျောင်ဆော့ အဓိကပါဝင်သရုပ်ဆောင်ထားသော Romance is a bonus book ဒရာမာဇာတ်လမ်းတွဲ ရိုက်ကူးပြီးတာနဲ့ စစ်မှုထမ်းတော့မှာဖြစ်ပါတယ်။ လာမယ့် မတ်လ (၈) ရက်နေ့မှာ PSA အနေနဲ့စတင်အမှုထမ်းတော့မှာပါ။

ဂျောင်ဆော့ဟာ အသက် (၁၆) နှစ်အရွယ်မှာ ကားအက်ဆီးဒင့်န် ဖြစ်ပွားခဲ့ပြီး ACL (anterior cruciate ligament) ဒူးခေါင်းအရွတ်ထိခိုက်သွားတဲ့ ဒဏ်ရာရှိခဲ့ပါတယ်။ ထိုဒဏ်ရာက အတွင်းကြေဖြစ်ပြီး အလုံးစုံပျောက်ကင်းခြင်းမျိုးမရှိသေးတာကြောင့် စစ်သားတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ဖို့ မသင့်တော်ဘူးဟု သတ်မှတ်ခံရပြီး Public Service Agent အဖြစ်နဲ့သာ ထမ်းဆောင်ဖို့ အမိန့်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

PSA အနေနဲ့ (၂)နှစ်တိတိ အမှုထမ်းရမှာဖြစ်ပြီး ၂၀၁၂၊ ဇန်နဝါရီ (၂) ရက်မှာ တာဝန်ချိန် ပြီးဆုံးမှာဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရေ (၂) နှစ်တိတိ လီဂျောင်ဆော့ကိုလွမ်းရတော့မှာပေါ့နော်။ ဒီကြားထဲ သူရိုက်ကူးထားတဲ့ ဒရာမာတွေကြည့်ပြီးအလွမ်းဖြေနိုင်ကြပါစေ။

 


26 Feb 2019     1,499 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS