BEC-TERO TV

စန္ဒယားအဟောင်းတစ်လုံးထဲ တူရိယာအမျိုး ၂၀ ထည့်ထားတဲ့ သံစုံတီးဝိုင်းအသေးစား (ရုပ်သံ)

26 Feb 2019     1,859 Views


ယူကဂရိန်းနိုင်ငံက ရော့ခ်တေးဂီတအဖွဲ့ တစ်ဖွဲ့ဟာ ပျက်ဆီးနေပြီး ဘယ်သူမှ မသုံးတော့တဲ့ ၁၉ ရာစုနှစ်လောက်က စန္ဒယားအဟောင်းကြီး တစ်လုံးကို သံစုံတီးဝိုင်းငယ်လေးတစ်ခုဖြစ်လာအောင် တူရိယာ အမျိုးပေါင်း ၂၀ ထည့်သွင်းပြီး အံ့မခမ်းတီထွင်ဖန်တီးလိုက်ပါတယ်။
 
 
Brunettes Shoot Blondes ရော့ခ်တီးဝိုင်းအဖွဲ့ က စန္ဒယားကြီးထဲမှာ တူရိယာအမျိုးအစား ၂၀ ကို လိုက်ဖက်ညီအောင် ပြန်လည်ပြုပြင် ထည့်သွင်းတပ်ဆင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့အဖွဲ့ လက်တလောထွက်ရှိထားတဲ့ “Houston” သီချင်းကို ဒီသံစုံတီးဝိုင်းငယ်နဲ့ ဖန်တီး တီးခတ်ခဲ့ပါတယ်။
 
 
စန္ဒယားကြီးနဲ့အတူ တွဲဖက် တပ်ဆင်ထားတဲ့ တူရိယာတွေထဲမှာ တယော၊ ဆယ်လို(တယောအကြီးစား) စတဲ့ ကြိုးတပ်တူရိယာတွေပါဝင်သလို၊ ဒရမ်နဲ့ အော်ဂင်တို့လည်း ပါဝင်ပါတယ်။
 
လွန်ခဲ့တဲ့ နှစ်နည်းငယ်အကြာက ယူကရိန်းနိုင်ငံအနောက်ပိုင်း မြို့ငယ်လေး တစ်မြို့မှာ ၁၉ ရာစုနှစ်က စန္ဒယားအဟောင်းကြီးကို စတွေ့ထဲက ဒီအကြံအစဉ်ကို ရခဲ့တာဖြစ်ကြောင်း တီးဝိုင်းအဖွဲ့သားတွေဖြစ်ကြတဲ့ Andrew Kovaliov ၊ Roman Sobol ၊ Dmytro Leonov နဲ့ Ievgen Kobzaruk တို့က ပြောဆိုခဲ့ပါတယ်။
 
 
အကြံစည်ရှိခဲ့ပေမယ့် စစချင်းလုပ်တုန်းက တူရိယာတွေ ထည့်သွင်းဖို့ ဒီဇိုင်းပိုင်းမှာ အခက်အခဲတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီစန္ဒယားကြီးရဲ့ ပင်မကိုယ်ထည်ဖွဲ့စည်းပုံ အတော်ကောင်းတယ်လို့လည်းဆိုပါတယ်။
 
သူတို့အဖွဲ့ရဲ့ သီချင်းကို သံစုံတီးဝိုင်းအသေးစား အဖြစ်ပြောင်းလဲထားတဲ့ စန္ဒယားကြီးနဲ့ တီးခတ်သီဆိုမှုကို အားပေးသူများပြားပြီး သူတို့ရဲ့ တီထွင်ကြံဆနိုင်မှုကိုလည်း ချီးကျူးနေကြပါတယ်။
 

26 Feb 2019     1,859 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment