BEC-TERO TV

Line Walker 2 မှာ အထူးတပ်သားအနေနဲ့ပါဝင်အားဖြည့်ဖို့ရောက်ရှိနေတဲ့ စိုင်းစည်တွမ်ခမ်း

26 Feb 2019     2,390 Views


လတ်တလော ရန်ကုန်မြို့လည်ခေါင်မှာ ဟောင်ကောင်ရုပ်ရှင်ဇာတ်ကား Line Walker 2 လာရောက်ရိုက်ကူးနေတာဖြစ်ပါတယ်။Line Walker 2 မှာ အထူး Swag အဖွဲ့ အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ လင်းအောင်ခေတ်၊ အောင်မြင့်မြတ် နဲ့ Hugo တို့ကိုရွေးချယ် ထားပါတယ်။

ပြီးခဲ့တဲ့ နာရီပိုင်းအနည်းငယ်က သရုပ်ဆောင်စိုင်းစည်တွမ်ခမ်းက Line Walker 2 မှာ (Special Task Force) မှအထူးတပ်သားအဖြစ် အားဖြည့်ပါဝင်သွားမည်ဖြစ်ကြောင်း သူ၏ facebook page မှတစ်ဆင့်ပို့စ်ရေးသားတင်ခဲ့ပါတယ်။

Hit man ကြီးအနေနဲ့ ပါဝင်ဖို့ သရုပ်ဆောင်မင်းရာဇာကို ရိုက်ကူးရေး လာရောက်ကြည့်ရှုရာမှ ဒါရိုက်တာက ကြိုက်နှစ်သက်သွားပြီး ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရတာဖြစ်ပါတယ်။ ယခုလဲ စိုင်းစည်တစ်ယောက် အထူးရဲတပ်ဖွဲ့ အနေနဲ့ ပါဝင်ရပြီဆိုတော့ ဝမ်းသာစရာပါပဲ။

စိုင်းစည်တစ်ယောက် အောင်မြင့်မြတ်၊ လင်းအောင်ခေတ်၊ Hugo တို့နဲ့အတူ Line Walker 2 မှာ ဘယ်အခန်းက ပါဝင်ရမလဲဆိုတာ စိတ်ဝင်စားစရာမကောင်းဘူးလား ပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)

 


26 Feb 2019     2,390 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS