BEC-TERO TV

ပရီးမီးယားလိဂ်ကို တဖန်ခြေပြန်ချလာတော့မဲ့ လီဗာပူးလ်နည်းပြဟောင်း ရော်ဂျာ

26 Feb 2019     1,275 Views


ပြီးခဲ့တဲ့အပါတ်က လတ်စတာစီးတီးအသင်းဟာ ခရစ်စတယ်ပဲလေ့စ် အသင်းကို ၄-၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ကေလောက် ပူရယ်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။ လတ်စတာအသင်းဟာ လစ်လပ်နေတဲ့ နည်းပြ ရာထူးနေရာကို ရှာဖွေနေပြီး အရင် လီဗာပူးလ် နည်းပြဟောင်း ဆဲလ်တစ် အသင်းနည်းပြ ရော်ဂျာ က ရေပန်းစားနေတယ်လို့သိရပါတယ်။

တစ်ချိန်က ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ ရော်ဂျာဟာ တဖန် အင်္ဂလန်သို့ ခြေချနိုင်ဖွယ်ရှိနေပြီး လတ်စတာစီးတီးအနေဖြင့် သူကိုခေါ်ယူလိုပါက အခုချိန်မှာ ဆဲလ်တစ် အသင်းကို ပေါင် ၆ သန်းခွဲပေးချေရမှာဖြစ်ပါတယ်။နယူးကာဆယ်အသင်းနဲ့ စာချုပ်သက်တမ်း ၄ လသာကျန်ရှိတော့တဲ့ ဘင်နီတတ်စ်လည်း လတ်စတာအသင်းကိုရောက်လာနိုင်ခြေ ရှိတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

လတ်စတာအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၆ပွဲမှာ ၅ ပွဲမှာအထိရှုံးနိမ့်ထားပြီး တစ်ပွဲသရေနဲ့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။.ဒီနေ့ညမှာတော့ အိမ်ကွင်းမှာ ဘရိုက်တန် အသင်းကို ယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။


26 Feb 2019     1,275 Views




RELATED

Most Popular of Football

Most Popular of Sport