BEC-TERO TV
မက်ထရစ်မြို့ မှာ စီးပွားရေးလုပ်ငန်းအသစ် လုပ်ကိုင်တော့မဲ့ ရော်နယ်ဒို
27 Feb 2019     1,291 Views
ဒီလုပ်ငန်းကို Insparya Group နဲ့ အကျိုးတူ ပူးပေါင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၊ ကနဦး အနေနဲ့ ပေါင် ၁ သန်းရင်းနှီး မြုပ်နှံမှာဖြစ်ပြီး ၊ နောက်ထပ် ၄ နှစ် အတွင်း ပေါင် ၂၅ သန်း အထိ ဆက်လက် ရင်းနှီးမြုပ်နှံသွားဖို့ ပြင်ဆင်ထားပါတယ်။ ဒီလုပ်ငန်းကိုတော့ သူရဲ့ချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ် က မန်နေဂျာနေရာကနေ တာဝန်ယူလုပ်ကိုင်သွားမှာဖြစ်ပါတယ်။
ဆံပင်စိုက်တယ်ဆိုတာ ကျန်းမာရေးနဲ့လည်းသက်ဆိုင်လို့ သူ့ တစ်ကယ် စိတ်ဝင်စားတဲ့အရာဖြစ်လို့း ရင်းနှီးမြှပ်နှံလိုက်တာလို့လည်း ဆိုပါတယ်။ အဆိုပါလုပ်ငန်းအတွက် အခန်းပေါင်း ၁၈ ခန်း၊ ကျွမ်းကျင်ဝန်ထမ်း၁၅၀ ခန့်ထာရှိမှာဖြစ်ပြီး လူ ၁၈ ဦးကို တစ်ပြိုက်တည်း ဆံပင်စိုက်ပေးနိုင်မှာဖြစ်ပါတယ်။ ဝန်ဆောင်ခက တစ်ယောက်ကို ပေါင် ၃၄၀၀ ကျော်ကျသင့်မှာဖြစ်ပြီး လာမဲ့ မတ်လ ၁၈ ရက်နေ့မှာ စတင်လည်ပတ်သွားမယ်လို့သိရပါတယ်။
မကြာသေးမီကမှ မောရိုကို နိုင်ငံမှာ ဟိုတယ်တစ်လုံးဖွင့်လှစ်ခဲ့ပြီး အခု မက်ထရစ်မြို့မှာ ဆံပင်စိုက်လုပ်ငန်းကို စတင်ခဲ့တာဖြစ်ပါတယ်။ မက်ထရစ်ကိုရွေးချယ်ရခြင်းကတော့ ဒီမြို့မှာစီရော်နယ်ဒိုဟာ နှစ်ပေါင်းများစွာနေလာတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
27 Feb 2019     1,291 Views
RELATED
Most Popular of Football
Most Popular of Sport