BEC-TERO TV

မင်္ဂလာဆောင်တွင် နှစ်ဖက်ဆွေမျိုးများ ရန်ပွဲဖြစ်ရာမှ လူ ၈ ဦး အပြင်းအထန် ဒဏ်ရာရ (ရုပ်သံ)

27 Feb 2019     1,836 Views


အိန္ဒိယနိုင်ငံ၏ မင်္ဂလာဆောင် တစ်ခုတွင် ဧည့်ခံကျွေးမွေးသော အစားအသောက်နဲ့ ပက်သက်ပြီး မကျေမနပ်ဖြစ်ရာမှ နှစ်ဖက်ဆွေမျိုးများ စကားများကြပြီး ရန်ပွဲကြီးအသွင်သို့ ပြောင်းလဲကာ လူ ၈ ဦး အပြင်အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
 
 
မင်္ဂလာသတို့သား “ကူးမား” နဲ့ သတို့သမီး “ပါဗီးန်” တို့ရဲ မင်္ဂလာဆောင်အတွက် သတို့သမီးဘက်က ဆိတ်သားနဲ့ တည်ခင်းဧည့်ခံရန် ကုန်ကျစရိတ်အဝဝကို သတို့သားဘက်ကို ပေးထားခဲ့သော်လည်း မင်္ဂလာပွဲတွင် ကြက်သားနဲ့ တည်ခင်းကျွေ’မွေးသည့်အပေါ် သတို့သမီးဘက်မှ အသိုင်းအဝိုင်းက မကျေနပ်သဖြင့် စကားများကြရာမှ နှစ်ဖက် ဆွေမျိုးပရိသတ်များ ရန်ထသတ်ခဲ့ခြင်းဖြစ်သည်။
 
ရန်ပွဲကို ရိုက်ကူးထားသော ရုပ်သံအရ ပလတ်စတ်စ်ခုံများနဲ့ အချင်းချင်း ရိုက်နှက်ကြပြီး ခုံ ၁၀၀ ကျော်ပျက်ဆီးကာ မင်္ဂလာပွဲတစ်ခုလုံး ပျက်ဆီးသွားခဲ့ပြီး လူ ၈ ဦး အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
 

27 Feb 2019     1,836 Views




RELATED

Most Popular of Special or Others

Most Popular of NEWS