ရာသီကုန်မှာ ဟီဂူအင်၏ အနာဂါတ်က ဘယ်မှာလဲ
27 Feb 2019 1,772 Views

ဒီဇန်နဝါရီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်စ်အသင်းကနေ အငှားဖြင့်ရောက်ရှိလာတဲ့ ဟီဂူအင်ကို ချလ်ဆီးအသင်းက ရာသီကုန်မှာ အပြတ်မဝယ်ယူဘဲ ပြန်အပ်ချင်နေတယ်လို့သိရပါတယ်။ဂျူဗင်တပ်စ် အသင်းကလည်း ဟီဂူအင်ကို ပြန်လက်ခံလို့စိတ်မရှိဘဲ အပြတ်ရောင်းထုတ်ချင်နေတယ်လို့ သိရပါတယ်။
စာချုပ်မှာက ဟီဂူအင်ကို အပြီးရောင်းထုတ်ရင် ၃၁..၅ သန်းကုန်ကုန်မှာဖြစ်ပြီး စာချုပ်သက်တမ်းက ၂၀၂၀ အထိပါဝင်မှာဖြစ်ပါတယ်။ ထပ်တိုး ၁၂ လအငှားဖြင့်ခေါ်ယူလို့ပါက ၁၆ သန်းခန့် ချလ်ဆီးအသင်းက ပေးချေရမှာဖြစ်ပါတယ်။လောလောဆယ် ချလ်ဆီးအသင်းက သူကို ရာသီအကုန် အငှားအထိသာ ပါဝင်တာဖြစ်ပါတယ်။

ချလ်ဆီးအသင်းကိုရောက်လာပြီးနောက်ပိုင်း ဟီဂူအင်ဟာ သွင်းဂိုး၂ ဂိုးသာ သွင်းယူနိုင်ထားသေးတာဖြစ်ပါတယ်။ဒါပေမဲ့ သူကို တစ်ပါတ်လုပ်ခက ပေါင် ၃ သိန်း ချလ်ဆီးအသင်းက ပေးချေနေရတာဖြစ်ပါတယ်။






