ဇာတ်ကားအသစ်မှာ သေမင်းအဖြစ်သရုပ်ဆောင်မယ့် ဖန်ဘင်းဘင်း
27 Feb 2019 2,320 Views

တရုတ်နိုင်ငံမှ နာမည်ကြီးဒိတ်ဒိတ်ကျဲ မင်းသမီး ဖန်ဘင်းဘင်းဟာ တရုတ်အစိုးရကို အခွန်ရှောင်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီး လျော်ကြေးငွေ ယွမ် သန်းပေါင်း (၈၀၀) ကျော် ပေးဆောင်ခဲ့ရပါတယ်။

ဒီကြားထဲ ဘင်းဘင်းတစ်ယောက် မောင်ဖြစ်သူ ဖန်းချန်ချန်နဲ့ သားအမိတွေလို့ ယိုးစွပ်ခံခဲ့ရပါတယ်။ မောင်ဖြစ်သူ ချန်းချန်က ဖန်ဘင်းဘင်း ငယ်စဉ်အချိန်တုန်းက လူမသိအောင်ခိုးမွေးထားတဲ့ အမြှောင်သားဆိုပြီး စွပ်စွဲခဲ့ကြတာပါ။ ဒါ့အပြင် ဖန်ဘင်းဘင်း ဟာ ဒုသမ္မတနဲ့အတူအိပ်ခဲ့တဲ့ ဗွီဒီယိုဖိုင်ထွက်ရှိလာတယ်ဆိုပြီး စွပ်စွဲခဲ့ကြပါတယ်။

ဒီလို ပြဿနာတွေ အများအပြားဖြစ်ပျက်ပြီးနောက် ဘင်းဘင်းတစ်ယောက် အနုပညာလောက ကနေ ပျောက်ချင်းမလှပျောက်သွားခဲ့တာ သုံးနှစ်နီးပါးရှိနေခဲ့ပါပြီ။ တရုတ်အစိုးရက သူမကို သုံးနှစ်တိုင်တိုင် ဇာတ်ကားမရိုက်ရ အမိန့်ထုတ်ပြန်ခဲ့တယ်လို့ ကောလာဟာလ သတင်းတွေလဲထွက်ပေါ်ခဲ့ပါသေးတယ်။

အခုတော့ ပရိတ်သတ်စောင့်မျှော်နေတဲ့ ဖန်ဘင်းဘင်းရဲ့ အနုပညာလှုပ်ရှားမှုအသစ်ကို မြင်တွေ့ရတော့မှာပါ။ Perfect Blue လို့အမည်ရတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားမှာ အမျိုးသမီးသေမင်း Liu Mei အနေနဲ့ ပါဝင်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။

ဖန်ဘင်းဘင်း ပါဝင်မယ့် ဇာတ်ကားအသစ်ကို စောင့်မျှော်ကြည့်ရှုဖို့ မင်မင်နဲ့အတူ ရင်ခုန်လိုက်ကြရအောင်ပရိတ်သတ်ကြီးရေ။







