BEC-TERO TV

ဝက်ဖို့စ် အသင်းကို လှပတဲ့ နောက်ပေါက်သွင်းဂိုးနဲ့ ဂိုးသွင်းပြယူခဲ့တဲ့ မာနေး

28 Feb 2019     1,248 Views


မနေ့က လီဗာပူးလ် အသင်းက ဝက်ဖို့စ် အသင်းကို ၅-၀ ဖြင့်နိုင်တဲ့ပွဲစဉ်မှာ လီဗာပူးလ်တိုက်စစ်မှူး မာနေးဟာ အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးကို နောက်ပေါက်နဲ့ လှလှပပသွင်းယူခဲ့ပါတယ်။သူ့ရဲ့ လှပတဲ့ သွင်းဂိုး စကေးကို လူမှုကွန်ယက်မှာ ကြည့်ရူသူ အများအပြားရှိခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ချန်ပီယံဆု ရရှိဖို့အတွက် အကောင်းဆုံးကြိုးစားနေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ မန်စီးတီးအသင်းကို တစ်မှတ်အသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

နောက်တစ်ပါတ်မှာ လီဗာပူးလ်အသင်းဟာ အဲဗာတန် အိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။


28 Feb 2019     1,248 Views




RELATED

Most Popular of Football

Most Popular of Sport