BEC-TERO TV

အငှားယာဉ်ပေါ်တွင် ခရီးသည်အမျိုးသမီးတစ်ဦး အရက်မူးလွန်ကာ သေဆုံး

28 Feb 2019     1,639 Views


ပုဂ္ဂလိကအငှားတက္ကစီကို ငှားရမ်းစီးနင်းလာသော အမျိုးသမီးတစ်ဦး အရက်မူးလွန်ကာ သေဆုံးနေသည့်အတွက် ယာဉ်မောင်းက အရေးပေါ်နဲ့ ရဲဌါနကို အကြောင်းကြားခဲ့မှုတစ်ခု ဖြစ်ပွားခဲ့သည်။
 
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၄ ရက် (တနင်္ဂနွေနေ့) နံနက် ၃ နာရီခွဲ အချိန်ခန့်တွင် စင်ကာပူနိုင်ငံ ကွန်မန့်ဝေါသ်ရပ်ကွက်ရှိ လူနေအိမ်တိုက်ခန်း ကားပါကင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၂၇ နှစ်အရွယ် ခရီးသည်အမျိုးသမီးဟာ တဲလော့ကူရူး ရပ်ကွက်မှ ဒရီးဒယိုင်နဲ့ အရက်မူးနေခဲ့ဟန်တူပြီး ကွန်မန့်ဝေါ့သ်ရပ်ကွက်သို့ ကားငှားစီးလာခဲ့ကြောင်း ယာဉ်မောင်းက ပြောကြားခဲ့သည်။
 
 
ငှားထားတဲ့နေရာရောက်တဲ့အခါ အမျိုးသမီးက မနိုးလို့ ယာဉ်မောင်းက နှိုးကြည့်တဲ့အခါမှာ ဘာတုံ့ပြန်မှုမှမရခဲ့တဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။ 
 
“ကားထဲမှာ ထီးတစ်ချောင်းတွေ့တယ်၊ ယာဉ်မောင်းက ထီးနဲ့အမျိုးသမီးကို တို့ပြီး နှိုးကြည့်ခဲ့ဟန်တူပါတယ်၊ ၁၅ မိနစ်လောက်ကြာတဲ့ထိ ဘာမှ မထူးတော့ အရေးပေါ်ကို အကြောင်းကြားခဲ့တာ” ဟု ရဲက ပြောကြားခဲ့ပါတယ်။
 
 
အရေးပေါ်ကယ်ဆယ်ရေးက လာရောက်စစ်ဆေးတဲ့အခါ အမျိုးသမီးမှာ အမူးလွန်သတိလစ်ပြီး သေဆုံးသွားခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

28 Feb 2019     1,639 Views




RELATED

Most Popular of Special or Others

Most Popular of NEWS