BEC-TERO TV

တောင်ကိုးရီးယားနာမည်ကြီးအနုပညာကျောင်းတွင်ကျောင်းအုပ်ကကျောင်းသူတွေကို ပုဂ္ဂိုလ်ရေးဆိုင်ရာဖျော်ဖြေမှုတွင်ပါဝင်ခိုင်းသည့်အတွက် ကျောင်သားများဆန္ဒထုတ်ဖော်

28 Feb 2019     1,529 Views


တောင်ကိုးရီးယားနိုင်ငံရှိ နာမည်ကြီး အနုပညာအထက်တန်းကျောင်းတစ်ခုတွင် ကျောင်းအုပ်က ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းပညာရေးနဲ့ မသက်ဆိုင်တဲ့ လူမှုပုဂ္ဂိုလ်ရေးဆိုင်ရာ ဖျော်ဖြေပွဲပါတီတွေမှာ အတင်းအကျပ်ဖျော်ဖြေခိုင်းခဲ့ပါတယ်။

SOPA လို့ အတိုကောက်အမည်ရတဲ့ Seoul Performance School ဟာ တောင်ကိုးရီးယားမှာ နာမည်ကြီးအဆိုတော် idols တွေအများအပြားတက်ရောက်လေ့ရှိတဲ့ကျောင်းတစ်ကျောင်းပါ။ ဒီကျောင်းရဲ့ ကျောင်းလခကလဲ ဈေးကြီးသလို၊ ကျူရှင်ကြေးတွေကလဲ ဈေးကြီးလွန်းလှတဲ့အတွက် လူကုံထံသားသမီးတွေသာ တက်နိုင်တဲ့ကျောင်းတစ်ကျောင်းဆိုလဲမမှားပါဘူး။

SOPA အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ဟာ ကျောင်းသူတွေကို လိင်ပိုင်းဆိုင်ရာဆွဲဆောင်တဲ့ ဖျော်ဖြေမှုများပြုလုပ်ရန်အတင်းအကြပ်တိုက်တွန်းခဲ့ပြီး ကျောင်းသားများကိုလဲ ဘာသာရပ်နဲ့ မသက်ဆိုင်တဲ့ဖျော်ဖြေခြင်းတွေပြုလုပ်ခိုင်းခဲ့တယ်လို့သိရပါတယ်။ ဖျော်ဖြေရေး အေဂျင်စီတွေဆီက ငွေကြိုယူထားပြီး ကျောင်းသားတွေကို ပညာရေးနဲ့မသက်ဆိုင် တဲ့ ပြင်ပ ဖျော်ဖြေမှုတွေလုပ်ဆောင်စေခဲ့ပါတယ်။ တောင်ကိုးရီးယားနိုင်ငံတွင်းမှာသာမက ပြည်ပ ဖျော်ဖြေမှုများအထိပါ ကျောင်းသားတွေရဲ့ ဆန္ဒမပါပဲ အတင်းအကျပ်စေခိုင်းခဲ့ပါတယ်။ ဒီကိစ္စကို ကောလာဟာလတွေထွက်လာတဲ့အတွက် ကျောင်းအုပ်က သတင်းအမှန်မပေါ်အောင်လိုက်ပိတ်နေခဲ့တာပါ။ ဒါပေမဲ့ ဒီလိုအဖြစ်အပျက်မျိုးကို ဆက်ပြီးသည်းမခံနိုင်တော့တဲ့ ကျောင်းသားလူငယ်အချို့က ကျောင်းကော်မတီရဲ့ အကျင့်ပျက်ခြစားပုံတွေကို သီချင်းရေးစပ်သီဆိုပြီး Youtube မှာတင်ခဲ့ရာက တစ်ကမ္ဘာလုံး သိသွားခဲ့တာဖြစ်ပါတယ်။

ခံစားနားဆင်ကြည့်လိုက်ကြပါဦး။

Video Credit- Notification


28 Feb 2019     1,529 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS