BEC-TERO TV

သံပုရာရည်ကို တစ်နေ့တစ်ခွက် သောက်ခြင်းဖြင့် ရရှိလာနိုင်တဲ့ အကျိုးထူးများ

28 Feb 2019     2,022 Views


ခေါင်းမူးလို့ပဲ ဖြစ်ဖြစ် ၊ အလုပ်ကနေ အိမ်ပြန်လာတဲ့အခါ  သံပုရာရည်လေး တစ်ခွက်လောက် သောက်သုံးသင့်ပါတယ်။ သံပုရာရည်ဟာ မူးမောခြင်းအတွက် တစ်ကယ့်ကို ကောင်းမွန်တဲ့ ဆေးတစ်ခွက် ဆိုလည်းမမှားပါဘူး။
 
သံပုရာရည်ဟာ အရိုးရောဂါအတွက် အဟန့်အတားဖြစ်စေပြီး အသည်း ၊ ကျောက်ကပ် တို့နဲ့ပါတ်သတ်တဲ့ ရောဂါ တို့ကိုလည်း ကာကွယ်နိုင်ပါတယ်။ ဖျားနာခြင်း ၊ ထိခိုက်ရှနာ ဖြစ်တဲ့အခါမျိုးမှာလည်း သံပုရာရည် ဟာ မြန်ဆန်စွာ ပျောက်ကင်းစေနိုင်ပါတယ်။ နောက် ဆံပင်အတွက်လည်း ကောင်မွန်စေပါတယ်လို့ သိရပါတယ်။

သံပရာရည်မှာ ဗီတာမင်စီနဲ့ အင်တီ အောက်ဆီးဒင့်တွေ အကောင်းဆုံး ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ် တွေကို ဖယ်ရှားပေးကာ ခုခံအားစနစ်ကို ကောင်းမွန် စေပါတယ်။ သံပရာရည်ဟာ ပိုးဝင် ကူးစက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပြီး ဓာတ်မတည့်မှုကို လျော့ကျ စေပါတယ်။
 
ဒီအတွက်ကြောင့်  ကျန်းမာရေး အကျိုးကျေးဇူး အများကြီးရှိတဲ့ သံပုရာရည်ကို နေ့စဉ် တစ်ခွက်မျှသောက်သုံးသင့်ပါသည်။

(ပိုပိုလေး)

 


28 Feb 2019     2,022 Views




RELATED

Most Popular of Health Fix

Most Popular of Sport