Drama တွေထဲမှာ မင်းသားနဲ့ မင်းသမီးရိုပြရင်သရုပ်ဆောင်လုပ်ချင်လာတယ်လို့ B.I ပြောကြား
28 Feb 2019 1,543 Views

တောင်ကိုးရီးယားနိုင်ငံ ဒိတ်ဒိတ်ကျဲအဆိုတော်အဖွဲ့ Ikon အဖွဲ့မှ အဖွဲ့ခေါင်းဆောင် B.I ဟာ မွေးကတည်းက တစ်ခါမှ မဒိတ်ဖူးသေးတဲ့ FA idol တစ်ယောက်ပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ 27 ရက်နေ့မှာ B.I တစ်ယောက် MBN Y Forum 2019 ကိုသွားခဲ့ပါတယ်။
MC က B.I ကို အကယ်၍ idol မဖြစ်ခဲ့ဘူးဆိုရင် ဒီအချိန်မှဘာလုပ်နေမလဲဆိုတာ မေးမြန်းလိုက်တဲ့အခါ ‘ကျွန်တော် စိတ်အားထက်သန်ဆုံးက music ပဲ၊ music ကလွဲ ဘာလုပ်ရမလဲဆိုတာ မစဉ်းစားမိဘူး’ လို့ဖြေကြားထားပါတယ်။
Music ကလွဲပြီးတခြားဝါသနာပါတဲ့အရာကို ပြောပါဆိုလျှင် B.I က သရုပ်ဆောင်ကြည့် ချင်တယ်လို့ပြောခဲ့ပါတယ်။ တီဗွီဖန်သားပြင်ပေါ်မှာ ရိုပြနေတဲ့မင်းသား၊ မင်းသမီးတွေက သူ့ကို မနာလိုဖြစ်စေတယ် ဆိုပြီး ပြောကြားခဲ့တာပါ။ ‘ကျွန်တော့်မှာ သရုပ်ဆောင်တာနဲ့ ပတ်သတ်ပြီး talent တော့မရှိပါဘူး၊ ကျွန်တော်လုပ်ချင်တယ်ဆိုတဲ့ ဆန္ဒတစ်ခုပဲရှိတာပါ။ လက်ရှိမှာတော့ သီချင်းတွေကိုပဲအာရုံစိုက်နေမှာပါ’ လို့ပြောကြားသွားခဲ့ပါတယ်။
ကဲ…နှစ်တစ်ထောင် FA ကြီးကတော့ ပေါက်ကွဲနေပါပြီနော်။ ^^
(ပိုပိုလေး)