လာမည့် ရာသီမှာ ကစားသမာသစ် ဝယ်ယူဖို့အတွက် သန်း ၄၀၀ ကျော် ရီးရဲလ် အသုံးပြုမည်
28 Feb 2019 1,655 Views

ရီးရဲလ် မက်ထရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ် သည် လာမည့်ရာသီတွင် ယူရိုသန်း (၄၀၀) အထိအသုံးပြုကာ ကစားသမားသစ်များ ခေါ်ယူသွားရန်စီစဉ်နေကြောင်း သိရပါတယ်။
အီတလီမီဒီယာ Sport Mediaset ၏ ဖော်ပြမှုအရ ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်သည် လာမည့်ရာသီသစ်တွင် အသင်းကို အင်အားဖြည့်တင်းရန်အတွက် ယူရိုသန်း (၄၀၀)အထိအသုံးပြုရန် ဆန္ဒရှိနေပါတယ်။
ပီရက်ဇ်၏ အဝယ်စာရင်းတွင် PSG အသင်း၏ နာမည်ကျော်တိုက်စစ်မှူးများဖြစ်သည့် နေမာ၊ ဘာပေနှင့် ချလ်ဆီးတောင်ပံကစားသမား ဟာဇက်တို့ပါဝင်နေတယ်လို့သိရပါတယ်။
ရီးရဲလ်မက်ထရစ်အသင်းသည် နောက်ဆုံး (၅)ရာသီအတွင်း ကစားသမားခေါ်ယူရာတွင် ယူရို (၄၉၃.၇) သန်းသာ အသုံးပြုခဲ့သော်လည်း ယခုရာသီတွင် ရီးရဲလ် ရုန်းကန်နေရသည့်အတွက် နာမည်ကျော်ကစားသမားများခေါ်ယူရန် ပီရက်ဇ်က စီစဉ်လာခြင်း ဖြစ်ပါတယ်။






