BEC-TERO TV

မူကြိုဆရာမ၏ လူမဆန်တဲ့လုပ်ရပ်ကြောင့် ၃ နှစ်သမီးလေး နဖူးဟက်တက်ကွဲ

01 Mar 2019     1,729 Views


နေ့ကလေးထိန်းကျောင်း ဝန်ထမ်းတစ်ဦးရဲ့ လူမျိုးရေးခွဲခြားတဲ့ စိတ်နဲ့ အပြစ်မဲ့တဲ့ အသက် ၃ နှစ်သမီးလေးကို လူအလစ်မှာ အကြောင်းမဲ့ လက်ကနေဆွဲပြီး လွှင့်ပစ်လိုက်တာကြောင့် ကလေးရဲ့ နဖူး ဟက်တက်ကွဲခဲ့ပါတယ်။
 
အဲဒီနောက် ကလေးဟာ သူ့ဟာသူလဲကျတယ်လို့ လိမ်ညာပြီး ဆေးရုံပို့ခဲ့ပါတယ်။ ကလေးဟာ ဆေးရုံ ၃ ရက်တက်ခဲ့ရပြီး နဖူးပွင့်သွားတာဟာ နက်တာကြောင့် အစားထိုးခွဲစိတ်ပြီး ၇ ချက် ချုပ်ခဲ့ရတယ်ခဲ့ရတယ်လို့ ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။
 
ကလေးရဲ့မိဘတွေကို ကလေးသူ့ဟာသူလဲကျပြီး ဖြစ်တာလို့ အကြောင်းပြခဲ့ပေမယ့် မယုံကြည်တာကြောင့် စီစီတီဗီကို ပြန်စစ်ကြည့်တဲ့အခါ ဝန်ထမ်းရဲ့ လူမဆန်တဲ့ လုပ်ရပ်ကို ထိတ်လန့်စွာ တွေ့ခဲ့ရပါတယ်။ 
 
အခြားကလေးတွေနည်းတူ သူ့ဟာသူ နေနေတဲ့ ကလေးကို ဆရာမက ဒေါကြီးမောကြီးနဲ့ လက်ကနေစောင့်ဆွဲခေါ်သွားပြီး အခန်းထောင့်ကို လွှင့်ပစ်လိုက်ပါတယ်၊ ကလေးဟာ အရှိန်နဲ့ လွင့်သွားပြီး စားပွဲခုံနဲ့ ခေါင်းရိုက်မိသွားတာကို တွေ့ခဲ့ရပါတယ်။
 
 
ကလေးမိဘတွေက အဆိုပါနေ့ကလေးထိန်းကျောင်းကို တရားစွဲဆိုထားပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ လက်တလောမှာတော့ ကျုးလွန်တဲ့ ဝန်ထမ်းကို အလုပ်ဆက်မခန့်ထားတော့ကြောင်း သိရှိရပါတယ်။

01 Mar 2019     1,729 Views




RELATED

Most Popular of Special or Others

Most Popular of NEWS