BEC-TERO TV

လျှောက်လမ်းထက်မှာ ကြွကြွရွရွလေးလျှောက်လှမ်းရင်း ဆွဲဆောင်မှုတွေပြင်းသွားတဲ့ အေးသောင်းရဲ့ ဗီဒီယို

01 Mar 2019     1,803 Views


တစ်ချိန်ကပရိသတ်တွေ ချစ်ခင်အားပေးခဲ့ကြရတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာဆိုရင် ချစ်စဖွယ်လှပတဲ့ရုပ်ရည်လေးနဲ့ အေးချမ်းတဲ့အလှကိုပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုရောက်တဲ့အခါမှာ အနုပညာလောကထဲကို မအေးသောင်းရယ်လို့တစ်ကျော့ပြန်ဝင်လာတဲ့ သူမကတော့ မြန်မာဝတ်စုံလေးတွေကို လှလှပပနဲ့အမြတ်တနိုးဝတ်စားတတ်သူဖြစ်တာကြောင့် ပုရိဿတွေရဲ့ပါးစပ်ဖျားမှာ အလွန်ကိုရေပန်းစားလာခဲ့တာဖြစ်ပြီး အောင်မြင်မှုတွေကို ပြန်လည်ရရှိခဲ့တာပါ။

ပုရိဿတွေသာမက မိန်းကလေးပရိသတ်တွေရဲ့ ချစ်မေတ္တာတွေကိုပါပိုင်ဆိုင်ထားတဲ့ မအေးသောင်းဟာဆိုရင် အနုပညာအလုပ်တွေကို အဆက်မပြတ်ပြန်လည်လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။ ရုပ်ရှင်တွေရိုက်ကူးရင်း ဖိတ်ကြားထားတဲ့ပွဲတွေကိုပါ တက်ရောက်နေတဲ့ မအေးသောင်းကတော့ ဆန်းသစ်လှပတဲ့ဖက်ရှင်ဒီဇိုင်းလေးနဲ့ Samsung Galaxy S10 မိတ်ဆက်ပွဲကိုတက်ရောက်ခဲ့ပါတယ်။

ပွဲရဲ့လျှောက်လှမ်းထက်မှာ ကြွကြွရွရွလေးလျှောက်လှမ်းရင်း ဆွဲဆောင်မှုတွေပိုနေတဲ့ ဗီဒီယိုလေးကိုတော့ မအေးသောင်းက သူမရဲ့ဖေ့စ်ဘွတ်ကနေတင်ခဲ့တာဖြစ်ပါတယ်။ တွေ့မြင်နေကျပုံစံမျိုးမဟုတ်တဲ့ ခပ်ဟော့ဟော့ဖက်ရှင်နဲ့ မအေးသောင်းကတော့ လှလှပပလေးကိုဆွဲဆောင်လိုက်ပြန်ပါပြီ။ ကြည့်မိသူတိုင်းအချစ်တွေပိုသွားစေမယ့် ကျော့ရှင်းလှပမှုတွေ လွှမ်းခြုံနေတဲ့ မအေးသောင်းရဲ့ဗီဒီယိုလေးကို တင်ဆင်ပေးလိုက်ပါတယ်။

 


01 Mar 2019     1,803 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment