BEC-TERO TV

မူးနေတဲ့ ကပ္ပတိန်ကြောင့် ကုန်တင်သင်္ဘောကြီးက တံတားကြီးကို ဝင်တိုက်ခဲ့တဲ့ ရုပ်သံ

01 Mar 2019     1,659 Views


ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပေ ၃၇၀ ရှည်တဲ့ ရုရှားကုန်တင်သင်္ဘောကြီးဟာ တောင်ကိုရီးယား၊ ဘူဆန်ဆိပ်ကမ်းနားက တံတားကြီးတစ်စင်းကို ဝင်တိုက်မှု ဖြစ်သွားခဲ့ပါတယ်။သဘောင်္ကို မောင်းနှင်တဲ့ ကပ္ပတိန်ဟာ မူနေတယ်လို့ သိရပါတယ်။ ယဉ်သွားယာဉ်လာ များနေတဲ့အချိန်မျာ တံတားကို ဝင်တိုက်ခဲ့တာကြောင့် တံတားဟာ တံတားက စတီးလ်လက်ရန်းတွေ ပေါက်ပြဲကျိုးကြေခဲ့ပါတယ်။

တံတားကို တိုက်မိပြီးနောက်ချက်ချင်း ကုန်တင်သင်္ဘောကို မောင်းတဲ့ ကပ္ပတိန်ဟာ ဖြစ်တဲ့နေရာကနေ မောင်းပြေးတာကြောင့် ကိုရီးယားကမ်းခြေစောင့်တပ်က လိုက်လံဖမ်းဆီးခဲ့ရပါတယ်။

ဒီရုရှားကုန်တင်သင်္ဘောဟာ စတီးလ်ခွေတွေ ပေါင်ချိန် သုံးသန်းနီးပါးကို တင်ဆောင်ပြီး ပင်ရင်းဆိပ်ကမ်း ရုရှက ဗလာဒီဗိုစတော့ခ်ဆီ ခုတ်မောင်းချိန်မှာ ခုလို တိုက်မိတာဖြစ်ပါတယ်။ကုန်တင်သင်္ဘောရဲ့ ကပ္ပတိန်ဖြစ်သူဟာ အင်္ဂလိပ်လို လည်း နားမလည်ဘူး လို့သိရပါတယ်။

ဗီဒီယို ရိုက်ကူးလိုက်နိုင်တဲ့ မျက်မြင်တစ်ဦးရဲ့ ဗီဒီယိုဖိုင်မှာ အဲဒီ ကုန်တင်သင်္ဘောဟာ တံတားကြီးပေါ်မှာ မော်တော်ကားတွေ ဥဒဟိုသွားလာနေချိန်မှာ တန်းတန်းမတ်မတ် ဝင်တိုက်လိုက်တာ ဖြစ်ပါတယ်။


01 Mar 2019     1,659 Views




RELATED

Most Popular of International News

Most Popular of NEWS