BEC-TERO TV

ကြည့်မြင်တိုင် ကမ်းနားလမ်းပေါ်က ကွန်တိန်နာယာဉ်တိုက်မှု (ရုပ်သံ)

04 Mar 2019     1,757 Views


ရန်ကုန်မြို့ ကြည့်မြင်တိုင်ကမ်းနား ဆင်မလိုက် မှတ်တိုင်အနီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော ကွန်တိန်နာယာဉ်တိုက်မှု စီစီတီဗီရုပ်သံ မှတ်တမ်း လူမှုကွန်ယက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။
 
ည ၁ နာရီခွဲ ဝန်းကျင်တွင် အရှိန်ဖြင့်မောင်းနှင်လာသော ကွန်တိန်နာယာဉ်ကြီးတစ်စီးမှာ လမ်းမကြီးပေါ် မောင်းနှင်နေရာက ရုတ်တရက် ကြည့်မြင်တိုင်ကမ်းနားလမ်း ဗိုလ်စောပု လမ်းသွယ်ထဲသို့ အရှိန်မထိန်းနိုင်ပဲ ကွေ့ချသွားပြီး လမ်းထိပ်ရှိ အဆောက်အဦတစ်ခုကို တိုက်မိခဲ့တာကို ရုပ်သံမှာ တွေ့ခဲ့ရပါတယ်။
 
 
ယာဉ်တိုက်မှုကြောင့် အသံကျယ်လောင်စွာ ထွက်ပေါ်ခဲ့ပြီး အနီးပတ်ဝန်းကျင်တွေ နေထိုင်သူများ ထိတ်လန့်ခဲ့ကြရကြောင်း၊ ကွန်တိန်နာယာဉ်များ၏ အန္တရာယ်မှာ တစ်မျိုးမဟုတ်တမျိုးနဲ့ ကြုံနေရတာမို့ စိတ်မသက်မသာဖြစ်ရတဲ့အကြောင်း ရေးသားထားတာကို တွေ့ရပါတယ်။
 
ရုပ်သံ - အေးချမ်း

 


04 Mar 2019     1,757 Views




RELATED

Most Popular of Special or Others

Most Popular of NEWS