BEC-TERO TV

အိုစမာဘင်လာဒင်ရဲ့ သားကို ဆော်ဒီအာရေးဗီးယားမှ နိုင်ငံသားစာရင်း ပယ်ဖျက်

04 Mar 2019     1,728 Views


ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် နိုင်ငံသားအဖြစ်ခံယူထားသော အိုစမာဘင်လာဒင်ရဲ့ သားဖြစ်သူ ‘ဟမ်ဇာဘင်လာဒင်’ ကို အမေရိကန်နိုင်ငံက ဒေါ်လာ ၁ သန်းဖြင့် ဖမ်းဆီးရန် အလိုရှိနေသူအဖြစ် ဆုကြေးထုတ်လိုက်ပြီးနောက် ဆော်ဒီနိုင်ငံက သူ့ကို နိုင်ငံသားအဖြစ်မှ ရပ်ဆိုင်းပယ်ဖျက်လိုက်ပါတယ်။
 
ဟမ်ဇာဘင်လာဒင်
 
 
၂၀၁၁ ခုနှစ်က အိုစမာဘင်လာဒင်ကို ပါကစ္စတန်ရှိ သူ့ရဲ့နေအိမ်မှာ အမေရိကန်စစ်တပ်က ဝင်ရောက်စီးနင်းစဉ် သေဆုံးခဲ့ပြီးနောက်ပိုင်းတွင် သားဖြစ်သူ ‘ဟမ်ဇာဘင်လာဒင်’ ဟာ အဖျက်အမှောက်လုပ်ငန်း ကွန်ယက်တွေမှာ အရေးပါတဲ့လူဖြစ်လာခဲ့ပါတယ်။
 
ဟမ်ဇာဘင်လာဒင်
 
 
ဆော်ဒီအာရေးဗီးယား ပြည်ထဲရေးရဲ့ ထုတ်ပြန်ချက်မှာတော့ နိုဝင်ဘာလအတွင်းက ဆော်ဒီမင်းသားရဲ့ အမိန့်အရ နိုင်ငံသားအဖြစ်မှ ပြန်လည်ရုတ်သိမ်းကြောင်း ကြောညာခဲ့ပါတယ်။ ‘ဟမ်ဇာဘင်လာဒင်’ ဟာ သူ့ရဲ့ ရုပ်သံနဲ့ အသံဖိုင်တွေအရ အသက် ၃၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
အိုစမာဘင်လာဒင် သုတ်သင်ခံခဲ့ရပြီးနောက် အသက်ရှင်ကျန်နေတဲ့ သူ့ရဲ့ ဇနီး ၃ ဦးနဲ့ ကလေးတွေကို ဆော်ဒီအာရေးဗီးယားကို ပြန်ဖို့ အမေရိကန်တို့က လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ဟမ်ဇာဘင်လာဒင် ဘယ်ရောက်နေလဲဆိုတာကတော့ အငြင်းပွားစရာဖြစ်နေခဲ့ပြီး သူဟာ မိခင်ဖြစ်သူနဲ့အတူ အီရန်မှာ နှစ်များစွာ ရှိနေခဲ့တယ်လို့ ယူဆထားကြပါတယ်။
 
အိုစမာဘင်လာဒင် 
 
 
သူဟာ ၂၀၁၁ ခုနှစ်တုန်းက အမေရိကန်စစ်တပ်က သူ့ရဲ့ဖခင်ကို သတ်ခဲ့တဲ့အတွက် ပြန်လည်လက်စားချေမယ်လို့  ဟမ်ဇာဘင်လာဒင် က ခြိမ်းခြောက်ခဲ့ပြီးနာက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်လိုက်ပါတယ်။ သူ့ကို ဖမ်းဆီးရမိရေးအတွက် သတင်းပေးနိုင်ပါက အမေရိကန်ဒေါ်လာ ၁ သန်း ဆုချီးမြှင့်မယ်လို့ အမေရိကန်က အလိုရှိနေသူအဖြစ် ဆုကြေးထုတ်ထားပါတယ်။ 
 

04 Mar 2019     1,728 Views




RELATED

Most Popular of International News

Most Popular of NEWS