BEC-TERO TV

ခြေဆီထွက်ခြင်းရောဂါအကြောင်းသိကောင်းစရာများ

18 Aug 2015     3,495 Views


 ခြေဆီထွက်ခြင်းအကြောင်းကတော့ အဓိက ခြေထောက်မှာချွေးထွက်များခြင်းကြောင့်ဖြစ်ပါတယ်။ပုံမှန်ထွက်လာတဲ့ချွေးတွေဟာဆိုရင်အနံ့မပါတက်ပါဘူးထွက်လာတဲ့ချွေးနဲ့ ဘက်တီးရီးယားနဲ့ ပေါင်းစပ်လိုက်တဲ့အခါအနံ့ဆိုးတွေထွက်တက်ပါတယ်။ရူးဖိနပ်စီးတာတွေခြေအိတ်ဝတ်တာများတဲ့သူတွေမှာအဖြစ်များပါတယ်။ခန္ဓာကိုယ်အနှံမှာတော့ချွေးတွေထွက်တက်ပါတယ် ခြေထောက်မှာထွက်တဲ့အနံကတော့ အနံ့ဆိုးရွားခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။
 
ဖြစ်ပေါ်တဲ့အကြောင်းတွေကတော့ ခြေထောက်မှာချွေးထွက်များတဲ့သူတွေ ၊စိတ်ဖိစီးမှုများတဲ့သူတွေ ၊ဆေးဝါးကုသမှုခံယူနေတဲ့သူတွေ ၊မူးယစ်ဆေးနဲ့ အရက်သေစာသောက်သုံးတဲ့သူတွေနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းတဲ့သူတွေမှာဖြစ်ပေါ်တက်ပါတယ်။ဒီလို အနံဆိုးထွက်တာဟာ ကုသလို့ရပါတယ်။တစ်ခြားတိုင်းပြည်တွေမှာတော့ ခြေထောက်ခုလို အနံထွက်ရင်ဆရာဝန်တွေနဲ့တိုင်ပင်ကြပါတယ်ခြေထောက်ကိုအမြဲတန်းဆပ်ပြာနဲ့သေချာဆေးကြောသင့်ပါတယ်။
 
ခြေထောက်ကိုအမြဲတန်းခြောက်သွေ့အောင်ထားသင့်ပါတယ်။ကိုယ်သုံးတဲ့ခြေအိတ်တွေကိုလဲ တက်နိုင်သလောက်သန့်သန့်ရှင်းရှင်းလျှော်ဖွတ်ထားသင့်ပါတယ်။ရူးဖိနပ်တွေကို ရောဂါပိုးမဝင်နိုင်အောင်လဲ စပရေးဖျန်းပြီးလဲ ကာကွယ်လို့ရပါတယ်။ခြေထောက်ကို ဆေးကြောပြီးတဲ့အခါမှာလဲ ဇင့် ၊ကြက်ဆူဆီတွေလိမ်းပေးလို့လဲ ရပါတယ် ။ပေါင်ဒါမှုန့်လဲ လိမ်းပေးလို့ရပါတယ်။အထူးသဖြင့်နိုင်လွန်ခြေအိတ်တွေမသုံးမိဖို့ လိုအပ်ပါတယ်။ထို့ကဲ့သို့ ကရုစိုက်နေခြင်းဖြင့် ခြေထောက်အနံထွက်ခြင်းကို သက်သာ လျှော့ပါးစေနိုင်ပါတယ်။

18 Aug 2015     3,495 Views




RELATED

Most Popular of Health Fix

Most Popular of Life Style