BEC-TERO TV

ညီဖြစ်သူ တေးရေးကမ္ဘာသေဆုံးခြင်းကို အတည်ပြုလိုက်တဲ့ ဂျီလတ်

04 Mar 2019     2,683 Views


အဆိုတော် ဂျီလတ်ရဲ့ နာမည်ကြီးသီချင်း တစ်ပုဒ်ဖြစ်တဲ့ “ခဏတာ” ကိုရေးစပ်ခဲ့တဲ့ တေးရေးဆရာ ကမ္ဘာဟာ ယနေ့ မတ်လ (၄)ရက်နေ့မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

မတ်လ (၄) ရက်နေ့ မွန်းလွှဲ ၁၂ နာရီခွဲလောက်မှာ အစ်ကိုဖြစ်သူ ဂျီလတ်မှ တေးရေး ကမ္ဘာ သေဆုံးတဲ့သတင်းမှာ အမှန်အကန်ဖြစ်ကြောင်း သူ၏ ဖေ့ဘွတ်ခ်စာမျက်နှာမှ အတည်ပြုခဲ့ပါတယ်။

တေးရေးကမ္ဘာဟာ ဘာသာရေးလိုက်စားသူတစ်ဦးဖြစ်ပြီး ကလေးတွေကိုလဲချစ်တတ်သူတစ်ယောက်ဖြစ်ပါတယ်။

သူရေးခဲ့တဲ့ နာမည်ကြီးသီချင်းတွေကတော့ အောင်လ သီဆိုထားတဲ့ ‘အချိန်လွန်ငှက်’ ဂျီလတ်သီဆိုထားတဲ့ ‘ခဏတာ’ တို့ပဲဖြစ်ပါတယ်။

 

တေးရေးကမ္ဘာမရှိတော့ပေမယ့် သူရေးသားတဲ့သီချင်းကောင်းတွေကတော့ ပရိတ်သတ်ရင်ထဲမှာကျန်ရှိနေဦးမှာပါ။ ဒီလို အရည်အချင်းရှိတဲ့ ကြယ်တစ်ပွင့်အကြွေစောသွားတာစိတ်မကောင်းစရာပါပဲ။ မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းမိပါတယ်။

(ပိုပိုလေး)

 


04 Mar 2019     2,683 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS