BEC-TERO TV

စိတ်မနှံ့သူ နေအိမ်ကို မီးရှို့မှုကြောင့် အနီးနားရှိ အိမ် ၃ လုံး ပြာကျ

04 Mar 2019     1,684 Views


မူးယစ်ဆေးစွဲခဲ့ပြီး စိတ်ကစဉ့်ကလျား ဝေဒနာခံစားနေရသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးဟာ စိတ်ဖောက်ပြန်ပြီး သူ့ရဲ့နေအိမ်ကို မီးပြန်ရှို့ခဲ့တာကြောင့် အခြားအနီးနားက အိမ် ၃ လုံးပါ မီးလောင်ပြာကျခဲ့ရပါတယ်။
 
 
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နံနက် ၁ နာရီခွဲ အချိန်ခန့်က ထိုင်းနိုင်ငံ အန်ထောင်းစီရင်စုမှာ ဖြစ်ပွားခဲ့တာပါ။ မီးလောင်ကျွမ်းမှုကို မီးသတ်အဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတို့က ၂ နာရီကြာ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြရပါတယ်။ စတုတ္ထမြောက်အိမ်ကို ကူးစက်လောင်ကျွမ်းခါနီးမှ မီးညွန့်ကျိုးခဲ့တဲ့အတွက် နေအိမ် ၃ လုံး ပြာကျပြီး မိသားစုများ အတိဒုက္ခရောက်ခဲ့ကြပါတယ်။
 
 
စိတ်ဖောက်ပြန်နေသူဟာ သူ့ရဲ့နေအိမ်မှာ တစ်ယောက်ထဲနေထိုင်သူဖြစ်ပြီး မီးမရှို့မီ ညနေပိုင်းက နေအိမ်ရှိ ပန်းကန်တွေကို ရိုက်ခွဲနေတဲ့အတွက် ဆွေမျိုးများက တားမြစ်ခဲ့ရကြောင်း သိရှိရပါတယ်။ 
ထိုနေ့ညမှာပဲ ဓါတ်ဆီနံ့ရတာကြောင့် ထကြည့်လိုက်တဲ့အခါ အဆိုပါ အမျိုးသားအိမ်ကနေ မီးခိုးငွေ့များထွက်နေကြောင်းတွေ့ခဲ့ကြရပါတယ်။ မီးဟာ ရုတ်တရက် မြန်မြန်ကြီး အခြားနေအိမ်များကိုပါ ကူးစက်လောင်ကျွမ်းခဲ့ပါတယ်။ မီးရှို့သူ အမျိုးသားကို ရဲက ဖမ်းဆီးထားပြီး သူ့ရဲ့ စိတ်ကျန်းမာရေးအခြေအနေကြောင့် အမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

04 Mar 2019     1,684 Views




RELATED

Most Popular of International News

Most Popular of NEWS