BEC-TERO TV

LGBT ဘဝများကို မြန်မာကားများတွင်လှောင်ပြောင်တင်ဆက်မှုများရပ်တန့်ပေးပါရန် တောင်းဆိုခဲ့ကြသည့် အလွှာစုံ LGBTQ အသိုင်းအဝိုင်း

04 Mar 2019     1,777 Views


မြန်မာ့ရုပ်ရှင်ဇာတ်ကားထဲမှာပါဝင်တဲ့ မိန်းမလျာဇာတ်ဝင်ခန်းတွေဟာ တကယ့်လက်တွေ့ဘဝမှာရှိတဲ့ LGBT တွေရဲ့ image ကိုထိခိုက်စေတာမျိုးတွေ ဖြစ်လာတဲ့အတွက် မြန်မာနိုင်ငံရှိ အလွှာပေါင်းစုံ LGBT အသိုင်းအဝိုင်းမှ သူတို့ရဲ့ သဘောထားလေးတွေကို ပွဲတစ်ခုကျင်းပကာထုတ်ဖော်ပြသလာခဲ့ပါတယ်။

ဒီပွဲလေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာကားတွေမှာ မိန်းမလျာတွေဟာ အင်မတန်မှနိမ့်ပါးတယ်၊ အောက်ကျနောက်ကျစကားပြောတယ်၊ ယောင်္ကျားမြင်ရင် ငမ်းငမ်းတက်လိုချင်တယ် အစရှိသဖြင့် LGBT တွေအပေါ်မကောင်းတဲ့အမြင်မျိုး မြင်စေသည့် ဇာတ်လမ်းဇာတ်ကွက်များ ကိုဆက်လက်ရိုက်ကူးခြင်းမျိုး မပြုလုပ်ရန် သူတို့ရဲ့သဘောထားကိုပြသခြင်းပဲဖြစ်ပါတယ်။

တော်ဝင်သူ(မိတ်ကပ်) မှကြီးမှူးကျင်းပတဲ့ ဒီပွဲကို မေဦး၊ဟန်လင်းတို့အတွဲကလဲ ပါဝင်ခဲ့ပြီး social influencer များဖြစ်ကြတဲ့ မဖြိုးဖြိုးအောင်(food for your brain) နှင့် ဒီဒီး (Dee Dee burmese Vlog) တို့မှလဲ အားဖြည့်ပါဝင်ခဲ့ကြပါတယ်။

(ပိုပိုလေး)


04 Mar 2019     1,777 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS