Mnet ကပြုလုပ်မယ့် တီဗွီအစီအစဉ်မှာ MC အဖြစ်မြင်တွေ့ရတော့မယ့် Lee Dong Wook
05 Mar 2019 1,435 Views

သရုပ်ဆောင် Lee Dong Wook ဟာလတ်တလောထုတ်လွှင့်နေတဲ့ Touch your heart ဒရာမာဇာတ်လမ်းတွဲမှာ မင်းသမီး Yoo Inna နဲ့လိုက်ဖက်ညီစွာတွဲဖက်သရုပ်ဆောင်ထားတာ ကြည့်ဖူးသူတိုင်းသိမှာပါ။
Touch Your Heart မှာအချစ်ကိစ္စတွေ ဘာမှနားမလည်တဲ့ အူကြောင်ကြား ရှေ့နေအဖြစ်သရုပ်ဆောင်ထားပါတယ်။
Lee Dong Wook တစ်ယောက် Mnet ကပြုလုပ်မယ့် Produce X 101 ပြိုင်ပွဲအစီအစဉ်မှာ MC အဖြစ်ပါဝင်မည်ဖြစ်ကြောင်း Mnet မှတရားဝင်ကြေငြာလိုက်ပါတယ်။
ရိုက်ကူးရေးကို မတ်လ ၄ ရက်နေ့ကစတင်တာဖြစ်ပြီး ရှေ့က ဒီပြိုင်ပွဲရဲ့ MC တွေအနေနဲ့ Jang Geun Suk, BoA, Lee Seung Gi တို့က ပါဝင်တင်ဆက်ခဲ့တာဖြစ်ပါတယ်။
Lee Dong Wook ဟာ Goblin, Life , Touch your heart ဇာတ်လမ်းတွဲတွေနဲ့ လူကြိုက်များလာပြီး သရုပ်ဆောင်တဲ့နေရာမှာ ပြောစရာမလိုအောင်ပီပြင်လှတဲ့မင်းသားတစ်လက်ပါ။ သူ့ကို MC တစ်ယောက်အဖြစ် မြင်တွေ့ရတော့မယ်ဆိုတော့ ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။ အတူစောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်ပရိတ်သတ်ကြီးရေ။