BEC-TERO TV

လေအိတ်ဖောင်းပွခြင်းအကြောင်းသိကောင်းစရာများ

18 Aug 2015     1,533 Views


လေအိတ်ဖောင်းပွခြင်းဟာ အဆုတ်ထဲမှာရှိတဲ့လေအိတ်လေးတွေမှာ လေအောင့်တဲ့ရောဂါလို့အလွယ်ပြောလို့ရပါတယ်။အဆုတ်ထဲမျာရှိတဲ့လေအိတ်လေးတွေဟာ တဖြည်းဖြည်းနဲ့ပျက်စီးလာတယ် အသက်ရှူခက်လာတဲ့ပြသာနာမျိုးတွေဖြစ်တက်ပါတယ် ။အဓိကကတော့ နာတာရှည်အဆုတ်ရောင်ရောဂါဖြစ်တဲ့သူတွေနဲ့အများကြီးပတ်သက်သလိုဆေးလိပ်သောက်ခြင်းနှင့်လဲအများကြီးစပ်နွယ်မှုရှိပါတယ်။
 
ရောဂါလက္ခဏာတွေကတော့ စဖြစ်ခါစမှာလက္ခဏာမပြပါဘူး ဖြည်းဖြည်းခြင်းပဲဖြစ်လာပါတယ်။ တဖြည်းဖြည်းနဲ့ အသက်ရှူမြန်လာတယ် ၊နားနေရင်းနဲ့တောင ်မောလာတဲ့လက္ခဏာတွေဖြစ်တက်ပါတယ်။ အသက်ရှူမြန်လာတယ် ၊နှလုံးခုန်နှုံန်းတွေမြန်လာတယ် ၊လက်တွေနှုတ်ခမ်းတွေပြာနှမ်းလာတယ်ဆိုရင် ဆရာဝန်ကိုအမြန်ဆုံးပြသသင့်ပါတယ်။ အဓိကဖြစ်ပွားတာကတော့ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။
 
လေထုညစ်ညမ်းခြင်းကြောင့်လဲ ဖြစ်တက်ပါတယ်။ ကိုယ့်ရဲ့အလုပ်အကိုင်က အမှုန်အမွှားတွေ ၊ဖုန်ထူတဲ့နေရာတွေမှာလုပ်ရခြင်းကြောင့်လဲ ဖြစ်နိုင်ပါတယ်။တခါတရံ ကျောက်မီးသွေး ကထွက်တဲ့ အမှုန်အမွှားတွေကြောင့်လဲဖြစ်တက်ပါတယ်။ အသက် ၄၀ နဲ့ ၆၀ ကြားမှာလဲ ဒီရောဂါဖြစ်ဖို့အခွင့်အလမ်းတွေပိုများပါတယ်။ဆေးလိပ်မသောက်သော်လဲ ဆေးလိပ်သောက်သူရဲ့အငွေ့တွေကို တဆင့်ခံရှူတဲ့သူတွေမှာလဲ ဒီရောဂါဖြစ်ဖို့ အခွင့် အလမ်းပိုများပါတယ်။
 
လေထုညစ်ညမ်းတဲ့နေရာမှာနေထိုင်တဲ့သူတွေမှာလဲ ဖြစ်နိုင်ပါတယ်။နောက်ဆက်တွဲဆိုးကျိုးတွေက အဆုတ်ထဲမှာလေအောင့်လာရင်းကနေ အဆုတ်ထဲမှာလေတွေများလာပြီးတော့ အဆုတ်ဟာ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။အဆုတ်နဲ့ နှလုံးတွဲဖက်တဲ့ရောဂါတွေဖြစ်လာနိုင်ပါတယ်။ရောဂါလက္ခဏာရှာဖွေဖို့ ဓါတ်မှန်ရိုက်လို့ရတယ် ၊CD scan ရိုက်ခြင်း စသဖြင့် ရောဂါကို ရှာဖွေလို့ရပါတယ်။ကုသနည်းတော့ မရှိပေမဲ့ ပတ်သတ်တဲ့ရောဂါလက္ခဏာတွေ သက်သာအောင်ပျောက်ကင်းအောင်ကုသလို့ရတဲ့နည်းတွေတော့ရှိပါတယ်။
 
ဥပမာ -သောက်ဆေးနဲ့ကုသတာတွေ ရှိမယ်၊ထိုးဆေးနဲ့ကုသတာတွေရှိမယ် ၊ ရှူဆေးနဲ့ ကုသတာတွေ ၊ အဆုတ်လေ့ကျင့်ခန်းလုပ်ခိုင်းပြီးလေ့ကျင့်ခိုင်းတာတွေ ၊ အမှုန်အမွှားတွေ လေထုညစ်ညမ်း တဲ့နေရာတွေမှာ မနေဖို့ ၊ နောက်ဆုံး အညှော်နံ့တောင်မခံဖို့ နဲ့ ဆရာဝန်က လိုအပ်ရင်ခွဲစိတ်ကုသပါမယ် ။ဆေးလိပ်သောက်တယ်ဆိုရင် ဆေးလိပ်ဖျက်မယ် ၊ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်တဲ့သူရှိရင်လဲ  ထိုသူနားကို မသွားမိအောင်နေမယ် ၊ လုပ်တဲ့အလုပ်ဟာ အမှုန်အမွှားတွေနဲ့ပက်သတ်နေမယ်ဆိုရင် mask တွေ မျက်နှာဖုံးတွေ တပ်ပြီး အလုပ်လုပ်သင့်ပါတယ်။
 
လေ့ကျင့်ခန်းကို ပုံမှန်လုပ်သင့်တယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းနေသင့်ပါတယ်။ဒီရောဂါဟာ အဓိက အားဖြင့် အလုပ်အကိုင်နဲ့ပတ်သက်နေပါတယ်။ အလုပ်က အမှုန်အမွှားတွေနဲ့ပတ်သက်နေမယ်ဆိုရင် မျက်နှာနဲ့နှာခေါင်းကို အကာအကွယ်တခုခု ပြုလုပ်ထားခြင်းကတော့ အကောင်းဆုံးဖြစ်ပါတယ် ။

18 Aug 2015     1,533 Views




RELATED

Most Popular of Health Fix

Most Popular of Life Style