BEC-TERO TV

နိုင်ငံနဲ့ လူမျိုး ဂုဏ်သိက္ခာအတွက် အကောင်းဆုံး ပြင်ဆင်ထားတယ်ဆိုတဲ့ “ဖိုးသော်”

05 Mar 2019     1,522 Views


MMA ကစားသမား ပြည်သူ့အချစ်တော် “ဖိုးသော်” က လာမယ့် မတ်လ ၈ ရက်နေ့ပွဲမှာ မြန်မာလူမျိုးနဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ အတွက် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မတ်လ ၅ ရက်(ယနေ့) ဂျန်းရှင်းမော်တင်မှာ ONE Championship က ပြုလုပ်တဲ့ မီဒီယာများနဲ့ တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းနားတွင် ပြောကြားခဲ့ပါတယ်။
 
 
ဖိုးသော်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလက ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး သူ့ရဲ့ကစားသမားသက်တမ်းတလျှောက် ပထမဦးဆုံးအကြိမ် ရှုံးနိမ့်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဒီပွဲရှုံးခဲ့ရတဲ့အပေါ်  ဘာဆင်ခြေမှ မပေးလိုပဲ MMA ကစားသမားတစ်ယောက်အနေနဲ့ သူ့ရဲ့အားနည်းချက် လိုအပ်ချက်တွေကို ထပ်မံဖြည့်စွက် ပြင်ဆင်ထားပြီး လာမည့် မတ်လ (၈) ရက်နေ့မှာ ပြိုင်ဘက်ဖြစ်တဲ့ အင်ဒိုနီးရှားကစားသမား “The Iceman” Yohan Mulia Legowo ကို အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ်ကာ နိုင်ငံနဲ့ လူမျိုးဂုဏ်ဆောင်နိုင်ရန် လေ့ကျင့်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
 
 
ONE:REIGN OF VALOR ရဲ့ မီဒီယာများနဲ့ မိတ်ဆက်အခမ်းအနားကို မတ်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် လမ်းသစ်လမ်းထောင်ရှိ Junction Mawtin ၅ လွှာတွင် နေ့လည် ၂ နာရီအချိန်က ပြုလုပ်ခဲ့ပြီး စာနယ်ဇင်းမီဒီယာများ စုံစုံညီညီတက်ရောက်ခဲ့ကြပါတယ်။
 
 
 
ONE:REIGN OF VALOR  ပွဲလက်မှတ်များကို အခန်း ၇၀၃ ၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ အေးရိပ်သာ (၁)လမ်း၊ ရွှေသံလွင်ကွန်ဒို၊ ဗဟန်းမြို့နယ်။ ဖုန်း ၀၁ ၅၄၉ ၂၉၇ မှာ ပိတ်ရက်မရှိ ဆက်သွယ်ဝယ်ယူနိုင်ကြပါပြီ။ 
 
 

05 Mar 2019     1,522 Views




RELATED

Most Popular of Boxing

Most Popular of NEWS