BEC-TERO TV

သိန်း ၁၂၀၀ တန် နဂါးလက်ကောက်ကြီးကို ထုတ်ပြလိုက်တဲ့ ကျော်ကျော်နန္ဒရဲ့ ဗီဒီယို

05 Mar 2019     2,449 Views


လတ်တလောအွန်လိုင်းပေါ်မှာ ဖက်ရှင်အမိုက်စားကို ၀တ်စားပြီးရိုက်ကူးသီဆိုထားတဲ့ “ဆက်ပက်” သင်္ကြန်သီချင်းနဲ့ ပရိသတ်တွေကြားနာမည်ကြီးနေတဲ့ အဆိုတော်ကျော်ကျော်နန္ဒကတော့ အနုပညာလောကထဲမှာ ၁၀ နှစ်ကျော်သက်တမ်းရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာနဲ့ပတ်သက်ရင် ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ ကျော်နန္ဒကတော့ လတ်တလောမှာလည်း သင်္ကြန်အတွက် ပွဲဌားချင်ရင် သိန်း (၃၀၀) အပြည့်ပေးမှ သီချင်းသီဆိုဖျော်ဖြေပေးမယ်လို့လဲ လုပ်ငန်းရှင်တွေကို ပြတ်ပြတ်သားသားကြေညာထားတာဖြစ်ပါတယ်။

ယခုလည်း ကျော်ကျော်နန္ဒရဲ့ Live ဗီဒီယိုတစ်ခုက အွန်လိုင်းပေါ်ပြန်လည်တက်လာပါတယ်။ ၂၀၁၉ ခုနှစ် New Year အပြီးမှာ မိတ်ဆွေတစ်ယောက်ဆီက လက်ဆောင်ရရှိခဲ့တဲ့ သိန်း ၁၂၀၀ တန် နဂါးလက်ကောက်ကြီးကို ထုတ်ကြွားထားတဲ့ ဗီဒီယိုက အွန်လိုင်းပေါ် ပြန်လည်တက်လာတာဖြစ်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကလဲ ထပ်မံ၍ သောသောညံလာခဲ့ပါတယ်။ လက်ဆောင်ရခဲ့တဲ့ သိန်း ၁၂၀၀ တန် ပလက်တီနမ်လက်ကောက်ကြီးကို ထုတ်ကြွားလိုက်တဲ့ ကျော်ကျော်နန္ဒရဲ့ Live ဗီဒီယိုကို တင်ဆက်ပေးလိုက်ပါတယ်။

(ပိုပိုလေး)


05 Mar 2019     2,449 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment