ကိုယ်ပိုင် ပရိဘောဂထုတ်ကုန်တွေ ထုတ်လုပ်ရောင်းချတော့မယ့် Rihanna
06 Mar 2019 1,415 Views

ဟောလိဝုဒ် ပေါ့ပ်စတား ရီဟားနားဟာ သီချင်းဆိုတာတွေကို ခေတ္တရပ်နားထားပြီး သူမကိုယ်ပိုင် brand တစ်ခုဖြစ်တဲ့ Fenty Beauty make-up ထုတ်လုပ်တဲ့နေရာမှာပဲ အာရုံစိုက်နေခဲ့တာပဲဖြစ်ပါတယ်။
ဒီနှစ်ပိုင်းတွေမှာ Fenty Beauty ဟာ ထိပ်တန်းစာရင်းဝင်တဲ့ Brand တစ်ခုဖြစ်လာခဲ့ပါပြီ။
မိတ်ကပ်နဲ့ အလှကုန်ပစ္စည်းထုတ်လုပ်တဲ့နေရာမှာ အောင်မြင်လာပြီဖြစ်တဲ့ Rihanna ဟာ ပရိဘောဂကိုလဲ ကိုယ်ပိုင် brand အနေနဲ့ ထုတ်လုပ်ဖို့ စိတ်ကူးရှိကြောင်း ပြီးခဲ့တဲ့ ၂၀၁၈၊ စက်တင်ဘာမှာပြောဖူးပါတယ်။
Riri ထုတ်လုပ်မယ့် ပရိဘောဂပစ္စည်းတွေမှာ လုပ်ငန်းသုံး၊ ရုံးသုံးတွေအပြင် ၊ ဥယျာဉ်ခြံမြေ ဆိုင်ရာလုပ်ငန်းသုံးပစ္စည်း၊ အိမ်တွင်း ပရိဘောဂ အလှဆင်ပစ္စည်းတွေ ကို အဓိကထားပြီးထုတ်လုပ်သွားမယ်လို့ သိရပါတယ်။
Riri ဟာလုပ်မယ်လို့ ပြောထားတဲ့အရာကို မဖြစ်မနေလုပ်လိုက်တာပါပဲ။ Queen Riri ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လိုက်ဖက်ညီလှပါတယ်။ သို့ပေမဲ့ မိတ်ကပ်ထုတ်လိုက်၊ ပရိဘောဂ ထုတ်လိုက်နဲ့ အလုပ်ရှုပ်နေတဲ့ Riri ကို ပရိတ်သတ်တွေကတော့ သီချင်းတွေပြန်ဆိုဖို့ မျှော်လင့်နေကြပါတယ်။ ၂၀၁၉ မှာ သီချင်းထွက်ပေးမယ်၊ စောင့်နေပါလို့ပြောထားပြီး ခုချိန်ထိတော့ မထွက်သေးပါဘူး။ ပရိတ်သတ်ကြီးလဲ Riri ရဲ့ သီချင်းအသစ်ကို စောင့်မျှော်နေမယ်ထင်ပါတယ်။
(ပိုပိုလေး)