ဂျူဝယ်ရဲ့ညီမဝမ်းကွဲဆိုတာအပြင် သင်မသိသေးတဲ့ တာတာရဲ့အကြောင်း
06 Mar 2019 1,579 Views

The voice Myanmar season2 မှာလာရောက်ယှဉ်ပြိုင်နေတဲ့ တာတာကို ပရိတ်သတ် သတိထားမိမှာပါ။ တာတာဟာ Blind Audition မှာ ဂျူဝယ် Fan shirt နဲ့ တက်ရောက်ယှဉ်ပြိုင်ခဲ့တာကြောင့် ဒိုင်တွေထဲက နီနီခင်ဇော်က သတိထားမိခဲ့တာဖြစ်ပါတယ်။
တာတာဟာ တင်ဇာမော်ရဲ့ ‘မစဉ်းစားချင်ဘူး’ သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး နီနီ နဲ့ Rဇာနည်တို့က လှည့်ကြည့်ခဲ့တာဖြစ်ပါတယ်။
တာတာဟာ ပြင်ဦးလွင်သူတစ်ယောက်ဖြစ်ပြီး Iron Cross Band မှ Rocker ကြီး ဦးအငဲရဲ့ သမီးဖြစ်သူ လမင်းခနဲ့ ငယ်သူချင်းတွေပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ အောက်တိုဘာ လမင်းခက ‘ကူး…ကူ…’ သီချင်းအယ်လ်ဘမ် ထွက်ရှိတုန်းက တာတာတစ်ယောက် သူငယ်ချင်းကို profile picture ချိန်းပြီး support ပေးခဲ့ပါတယ်။
ယခု တာတာ The voice Myanmar season 2 မှာဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာ လမင်းခ က တာတာဆိုတာလမင်းခနဲ့ ငယ်ငယ်လေးကတည်းက သူငယ်ချင်းတွေဖြစ်ကြောင်း သူမရဲ့ facebook မှာတင်ခဲ့ပါတယ်။
တာတာနဲ့ လမင်းခတို့ သူငယ်ချင်းကောင်းတွေဖြစ်ကြတယ်ဆိုတာ သူမတို့နှစ်ယောက်ပုံတွေကို ကြည့်ချင်းအားဖြင့်သိနိုင်ပါတယ်နော်။
ပရိတ်သတ်ကြီးရေ လတ်တလော the voice Myanmar season 2 မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ တာတာကိုလဲ vote ပေးဖို့မမေ့ကြနဲ့ဦးနော်။