BEC-TERO TV

ယူနိုက်တက်ကို ပေးခဲ့တဲ့ ပင်နတီ ဆုံးဖြတ်ချက်အပေါ် အပြင်းအထန် ပေါက်ကွဲခဲ့တဲ့ နေမာ

07 Mar 2019     1,492 Views


ပီအက်စ်ဂျီအသင်းဟာ ယူနိုက်တက်ကို ၁-၃ ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာက ပယ်နယ်တီပေးခဲ့ရမှုနှင့်ပတ်သက်ပြီး အလွန်ဆိုးရွားသောဖြစ်ရပ်ဟု ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

'' ဒါဟာ အလွန်ဆိုးရွားတဲ့ဖြစ်ရပ်ပါ။ ဒိုင်လူကြီး လေးဦးက တီဗွီရှေ့မှာ ရုပ်သံအနှေးပြကွက်ကို ဘယ်လိုစောင့်ကြည့်ရမလဲဆိုတာ နားမလည်ခဲ့ပါဘူး'' ဟု နေမာက သူ၏ Instagram မှတစ်ဆင့် ဝေဖန်ရေးသားခဲ့ပါတယ်။ အဆိုပါဂိုးဟာ မိနစ်၉၀ ပြည့်ပြီး အချိန်ပိုမှာ ပင်နတီပေးခဲ့ရတာကြောင့် ပီအက်စ်ဂျီအသင်းအတွက် နစ်နာစရာဖြစ်ခဲ့ပါတယ်။

နေမာသည် ခြေဖဝါးဒဏ်ရာကြောင့် လက်ရှိတွင် အနားယူနေရပြီး အဆိုပါပွဲကို ပွဲကြည့်စင်မှ လာရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းနည်းပြ တူချယ်က “ နေမာ၏စိတ်ခံစားချက်ကို နားလည်ပါတယ်၊ ကျွန်တော်ဟာ VAR ကို လုံးဝထောက်ခံသူတစ်ယောက်ပါ၊ ကျွန်တော်ရှိနေတဲ့ဘက်ကကြည့်ရင် ဒါလော့က ဘောလုံးကိုကန်လိုက်တယ်၊ ဘောလုံးကမြောက်တက်သွားပြီး ဂိုးဘားပေါ်ကျော်သွားခဲ့တယ်၊ ဆုံးဖြတ်ချက်မချမှတ်မီ ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးစရာတွေ များစွာရှိပါတယ်။ ကျွန်တော်ကတော့ ၅၀-၅၀ အခြေအနေလို့ပဲ ယူဆပါတယ်'' ဟု သုံးသပ်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ယူနိုက်တက် အိမ်ကွင်းမှာ ၀-၂ဖြင့် အနိုင်ယူနိုင်ခဲ့ပေးမဲ့ အိမ်ကွင်းမှာ ၁-၃ ဖြင့်ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်ပါတယ်။


07 Mar 2019     1,492 Views




RELATED

Most Popular of Football

Most Popular of Sport