BEC-TERO TV

မြန်မာလက်ရွေးစင် အသင်းကို ယာယီနည်းပြချုပ်အဖြစ် ဦးမျိုးမင်းထွန်း ကိုင်တွယ်မယ်

07 Mar 2019     1,295 Views


ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲ နှစ်ပွဲအတွက် မြန်မာလက်ရွေးစင် အသင်းကို ယာယီနည်းပြချုပ်အဖြစ် ဦးမျိုးမင်းထွန်း ကိုင်တွယ်မယ် လိုသိရပါတယ်။

မတ်လအတွင်း ကစားရမည့် ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲ နှစ်ပွဲအတွက် မြန်မာလက်ရွေးစင်အသင်း ယာယီနည်းပြချုပ်အဖြစ် ဦးမျိုးမင်းထွန်းကို တာဝန်ပေးအပ်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ကော်မတီက ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ်ဖြစ်သူ ဦးမျိုးမင်းထွန်း ကိုယ်တိုင်ကလည်း နိုင်ငံတကာ ခြေစမ်းပွဲ နှစ်ပွဲကို မြန်မာလက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်ရန် သဘောတူခဲ့ပြီး နည်းပြအဖွဲ့ကို ၎င်း၏စိတ်ကြိုက် ပုံစံနဲ့ ဖွဲ့ စည်းသွားမယ် လို့သိရပါတယ်။

မြန်မာလက်ရွေးစင် အသင်းသည် မတ်လ ၁၉ ရက်တွင် တရုတ်(တိုင်ပေ) အသင်း နှင့်လည်းကောင်း၊ မတ်လ ၂၅ ရက်တွင် အင်ဒိုနီးရှားအသင်း နှင့်လည်းကောင်း နိုင်ငံတကာ ခြေစမ်းပွဲ နှစ်ပွဲယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး နှစ်ပွဲစလုံးကို မန္တလေးမြို့၊ မန္တလာသီရိကွင်းတွင် ယှဉ်ပြိုင် ကစားမည် ဖြစ်ပါတယ်။


07 Mar 2019     1,295 Views




RELATED

Most Popular of Football

Most Popular of Sport