BEC-TERO TV

စာမေးပွဲကာလတွင်း မှတ်ဉာဏ်အားကောင်းစေဖို့ စားသုံးသင့်တဲ့အစားအစာများ

07 Mar 2019     1,436 Views


လတ်တလောမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေတာဖြစ်ပြီး၊ များမကြာမီ နိုင်ငံတဝှမ်းမှ တက္ကသိုလ်အသီးသီးရဲ့ ပထမနှစ်ဝက်စာမေးပွဲကြီးကလဲ နီးကပ်လို့လာပါပြီနော်။ စာမေးပွဲအတွက် အသေအချာကျက်မှတ်ထားတဲ့စာတွေမေ့သွားမှာကိုစိုးရိမ်နေပါသလား? စာဆိုတာမျိုးကလဲ ရှေ့ကျက်နောက်မေ့၊ နောက်ကျက်ရှေ့မေ့၊ အလယ်ကဖောက်ကျက်တော့ အကုန်မေ့ဆိုတာမျိုးတွေရှိတတ်ပါတယ်။ နောက်ပိုင်း စာကျက်ပြီးမေ့တာမျိုးတွေမဖြစ်ရလေအောင် စာမေးပွဲတွင်း (သို့) စာလုပ်နေစဉ်အတောအတွင်း မှတ်ဉာဏ်ကောင်းစေဖို့ စားသုံးသင့်တဲ့ အစားအစာတွေကိုဝေမျှပေးလိုက်ပါတယ်။
 
ဘလူးဘယ်ရီ

ဘလူးဘယ်ရီသီးကို စားသုံးခြင်းအားဖြင့် ဦးနှောက်မှတ်ဉာဏ်အာနည်းတာတွေအတွက် အထောက်အကူပြုစေမှာဖြစ်ပါတယ်။ ပြင်ပက ရရှိလာတဲ့ အချက်အလက်တစ်ခုကို ဦးနှောက်က memory တစ်ခုအဖြစ်မှတ်သားစေနိုင်ဖို့ ထောက်ပံ့ပေးမှာပဲဖြစ်ပါတယ်။ ဘလူးဘယ်ရီမှာပါဝင်တဲ့ antioxidants တွေဟာ ဦးနှောက်အတွင်းပိုင်းရှိ ဆဲလ် တစ်ခုနဲ့တစ်ခု ဆက်သွယ်ပေးဖို့ကူညီပေးတာကြောင့် အလွယ်တကူမမေ့နိုင်အောင်စွမ်းဆောင်ပေးမှာပါ။
 
အိုမီဂါ-၃ ပါသည့်အစားအစာများ

အိုမီဂါ-၃ ပါဝင်တဲ့အစားအစာတွေဟာ မှတ်ဉာဏ်၊ အာရုံစူးစိုက်ခြင်း အစရှိတဲ့ဦးနှောက်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေ ပိုမိုကောင်းမွန်လာစေဖို့ အထောက်အကူပြုပါတယ်။ အိုမီဂါ-၃ အများဆုံးပါဝင်တဲ့အစားအစာတွေကတော့ ငါး၊ အစေ့အဆန်နဲ့ ထောပတ်သီးတို့ပဲဖြစ်ပါတယ်။
 
ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာပါဝင်တဲ့ Vitamin-K ဟာ ဦးနှောက်မှတ်ဉာဏ်ဆဲလ်တွေ ဖွဲ့စည်းတည်ဆောက်ရာမှာအထောက်အကူပြုပါတယ်။ လူတစ်ယောက်ဟာ နေ့စဉ် ခန္ဓာကိုယ်မှာ Vitamin-K ဓာတ်ကြွယ်ဝနေခြင်းဟာ မှတ်ဉာဏ်အရင်ကထက် ပိုကောင်းလာမှာဖြစ်ပါတယ်။
 
Dark Chocolate

Dark Chocolate ရဲ့အကျိုးသက်ရောက်မှုတွေကတော့ ပြောမကုန်နိုင်အောင်များပြားလှပါတယ်။ Dark Chocolate မှာ ပါဝင်တဲ့ antioxidants နဲ့ caffeine ဓာတ်ဟာ မှတ်ဉာဏ်အားကောင်းစေပြီး တက်ကြွလန်းဆန်းစေဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။
 
ကဖိန်းဓာတ်

စာမေးပွဲမဖြေမီ(သို့) စာမေးပွဲတွင်း စာစလုပ်တော့မယ်ဆိုရင် ကဖိန်းဓာတ်ပါဝင်တဲ့ ကော်ဖီ။ လက်ဖက်ရည်တို့ကို သောက်သုံးပေးခြင်းက သင့်ခန္ဓာကိုယ်ကို အစဉ်အမြဲနိုးကြားစေမှာဖြစ်ပြီး ဦးနှောက်ကိုလဲ ကြည်လင်လန်းဆန်းစေမှာဖြစ်ပါတယ်။
 
အားလုံးပဲ စာမေးပွဲအချိန်အခါအတွင်းမှာ ကျက်ထား၊ မှတ်ထားတဲ့အရာတွေတိုးကြပါစေ၊ ကျက်ထားသမျှစာတွေကို မမေ့သွားကြပဲ အကောင်းဆုံးဖြေဆိုနိုင်ကြပါစေ လို့ ပိုပိုလေးမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
 
(ပိုပိုလေး)

07 Mar 2019     1,436 Views




RELATED

Most Popular of Health Fix

Most Popular of Life Style