BEC-TERO TV

ဘွဲ့ရပြီး အလုပ်မရှိတဲ့ သမီးကို ဒေါသထွက်ကာ ဖခင်ဖြစ်သူ သံတူနဲ့ထု

07 Mar 2019     1,623 Views


မိဘဝတ်တွေထဲက တစ်ခုဖြစ်တဲ့ “အတတ်လည်းသင်” ဆိုတဲ့အတိုင်း သမီးဖြစ်သူကို ဘွဲ့ရတစ်ယောက်ဖြစ်လာအောင် မိဘက ကျောင်းထားပေးခဲ့ပေမယ့် ဘွဲ့ရတဲ့အခါ အလုပ်တစ်ခုကိုတောင် ရအောင် ဖြစ်ဖြစ်မြောက်မြောင် မရှာနိုင်တဲ့အတွက် ဖခင်ဖြစ်သူက ဒေါသဖြစ်ပြီး သမီးရဲ့ ဦးခေါင်းကို သံတူနဲ့ ထုရိုက်ခဲ့ပါတယ်။
 
မလေးရှားနိုင်ငံ ပါရက်ခ်မြို့မှာ  မတ်လ ၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တာပါ။ အသက် ၅၈ နှစ်အရွယ် ဖခင်ဖြစ်သူဟာ တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာ အတော်ကြာပြီဖြစ်ပေမယ့် အလုပ်တစ်ခုရအောင် မရှာနိုင်သေးတဲ့ သမီးဖြစ်သူ ဘုရားရှိခိုး(ကိုအန်ကျမ်းစာဖတ်နေချိန်) နေတဲ့အချိန်မှာ သမီးကိုကြည့်ရင်း တနုတ်နုတ်ဖြစ်နေတဲ့ ဒေါသကို မထိန်းနိုင်ပဲ သံတူတစ်ချောင်းယူပြီး ဦးခေါင်းကို ထုရိုက်ခဲ့ပါတယ်။
 
 
သမီးဖြစ်သူကို တူနဲ့ထုရိုက်ပြီးမှ အကြီးအကျယ်ဒဏ်ရာရသွားတဲ့ သမီးကို ကြည့်ပြီး အသိစိတ်ပြန်ဝင်လာကာ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ပဲ ဦးခေါင်းကို နံရံနဲ့ အကြိမ်ကြိမ် ပြေးဆောင့်ခဲ့ပါတယ်။ 
 
အသက် ၂၄ နှစ်အရွယ် သမီးဖြစ်သူဟာ ဦးခေါင်းဒဏ်ရာနဲ့ ဆေးကုသခံနေရသလို ဖခင်ဖြစ်သူမှာလည်း အုတ်နံရံနဲ့ စောင့်တဲ့ဒဏ်ကြောင့် လက်ကျိုးခဲ့ပြီး ဦးခေါင်းကို ၇ ချက် ချုပ်ခဲ့ရပါတယ်။ မလေးရှားရဲအဖွဲ့က ဖခင်ဖြစ်သူကို အိမ်တွင်း အကြမ်းဖက်မှု ပုဒ်မနဲ့ ဖမ်းဆီးထားကြောင်း သိရှိရသည်။

 


07 Mar 2019     1,623 Views




RELATED

Most Popular of Special or Others

Most Popular of NEWS