ဒီညမှာကစားမဲ့ ချလ်ဆီး ၊ အာဆင်နယ် တို့ရဲ့  ယူရိုပါလိဂ် ၁၆ သင်းအဆင့် အခြေအနေ
07 Mar 2019 1,794 Views

ယနေ့ညမှာတော့ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်မှ အာဆင်နယ်က ပြင်သစ်ကလပ် ရိန်းအသင်းကို သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ချလ်ဆီးအသင်းက ဒိုင်နမို ကိတ် အသင်းကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ချလ်ဆီး အသင်းတို့ဟာ ယူရိုပါလိဂ်ဖလား ရရှိဖို့ ထိပ်ဆုံးမှ ရေပန်းစားနေတဲ့ အသင်းတွေဖြစ်ကြပါတယ်။

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖြတ်လမ်းဖြစ်တဲ့ ယူရိုပါလိဂ်ဖလားကို ရဖို့ကြိုးစားမှာပါ။သို့သော်လည်း ဒီတစ်ပါတ် စနေ့မှာ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲ ကစားဖို့ရှိနေတာကြောင့် အဝေးကွင်းမှာ လူငယ်တချို့ ကို ထုတ်သုံးပြီး ကစားသွားဖို့များပါတယ်။ ရိန်းအသင်းဟာလည်း စပိန်ကလပ် ဘက်တစ်လို့အသင်းမျိုးကို အနိုင်ယူပြီးတက်လာတာကြောင့် အာဆင်နယ်အသင်းအတွက်ခက်ခဲ့မဲ့ ပွဲစဉ်ဖြစ်ပါတယ်။
.jpg)
ချလ်ဆီးအသင်းက ယူရိုပါလိဂ်ဖလား ရဖို့အတွက် ရေပန်းစားဆုံးအသင်းဖြစ်ပါတယ်။ ပ-ကျော့ ကို အိမ်ကွင်းမှာ ကစားရတဲ့ အားသာချက်ကြောင့် ချလ်ဆီးအသင်းဟာ ဒိုင်နမို ကိတ်အသင်းကို အနိုင်ရဖို့အတွက် လွယ်ကူမှာပါ။






