BEC-TERO TV

အွန်လိုင်းမှာခေတ်စားနေတဲ့ မြန်မာငွေ ၆ သိန်းကျော်တန်တဲ့ ဖက်ရှင်နားကပ်

07 Mar 2019     1,971 Views


ဒီနားကပ်နဲ့ သူ့ရဲ့စျေးနှုန်းကို တွေ့လိုက်ရလို့ သင်အံ့သြသွားတယ်ဆိုတာ မညာပါနဲ့နော်။ နေ့စဉ်မြင်နေကျ မထူးဆန်းဘူးလို့ ထင်ရတဲ့အရာတွေဟာ ဖက်ရှင်လောကထဲရောက်သွားတဲ့အခါ တန်ဖိုးကြီးပစ္စည်းတွေ ဖြစ်ကုန်တာကလည်း ဖက်ရှင်ရဲ့ တန်ခိုးများလားပါပဲ။
 
 
ဖက်ရှင်ပစ္စည်းတွေကို အွန်လိုင်းကနေ ရောင်းချတဲ့ ဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ “Browns” မှာ “Ambush” လို့ အမည်ပေးထားတဲ့ နားကပ် တစ်ဖက်ထဲကို ဒေါ်လာ ၄၀၈ (ကျပ် ၆၁၄,၉၃၇)နဲ့ ရောင်းချနေတာကိုတွေ့ရပါတယ်။ အခွန်အခမပါသေးလို့ တစ်ကယ်ဝယ်ယူမယ်ဆိုရင် ဒီထက်ပိုပြီး စျေးမြင့်ဖို့ရှိပါတယ်။
 
 
နားကပ်ဟာ ရိုးရိုးရှင်းရှင်းလေးပါပဲ ဒီအတိုင်း နားမှာညှပ်ပြီး တပ်လိုက်ရုံပါ။ ဒီတော့ ပိုပိုလေးရဲ့ ဖက်ရှင်ချစ်ပရိသတ်တွေရဲ့ အိမ်မှာရှိတဲ့ အဝတ်လှန်း သစ်သားကလစ်လေးတွေကို ကိုယ်ဝတ်မယ့် အဝတ်အစားအရောင်နဲ့ လိုက်ဖက်အောင် ဆေးသုတ်ပြီး ဝတ်ဆင်မယ်ဆိုရင် ပိုက်ဆံ ၆ သိန်းကျော်လဲမကုန် ခေတ်လဲမီတဲ့ နောက်ဆုံးပေါ်ဒီဇိုင်းနဲ့ အပြတ်အသတ် လန်းလို့ရပြီပေါ့နော်..။
 
>> BROWNS <<

07 Mar 2019     1,971 Views




RELATED

Most Popular of Special or Others

Most Popular of Life Style