မိန်းမရဲ့သူငယ်ချင်းနဲ့ မိန်းမကိုသဝန်တိုနေတဲ့ဂျက်စတင်ဘီဘာ
08 Mar 2019 1,778 Views

ကမ္ဘာကျော် ကနေဒီယန်ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာဟာ instagram မှာ like နှိပ်လိုက်တဲ့နာမည်တစ်ခုကြောင့် ညအိပ်မပျော်ဖြစ်ခဲ့ရပါတယ်တဲ့။

ဂျက်စတင်ဘီဘာ ဟာလတ်တလောမှာ ဇနီးဖြစ်သူ Hailey Baldwin နဲ့လက်ထပ်ထားတာပဲဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း ဂျက်စတင်တစ်ယောက် မိန်းမရဲ့ ပုံတွေကို instagram မှာဆက်တိုက်တင်နေခဲ့ပါတယ်။



ဂျက်စတင် တင်ထားတဲ့ Hailey ရဲ့ပုံတွေကို တစ်ချိန်က Hailey ရဲ့ သူငယ်ချင်း Shawn Mendes က like လုပ်ထားတာကို ဂျက်စတင်တစ်ယောက်ကျေနပ်ပုံမပေါ်ပါဘူး။ Shawn Mendes ဆိုတာ ပေါ့ပ်အဆိုတော်တစ်ယောက်ဖြစ်ပြီး တစ်ချိန်က Hailey နဲ့ သူငယ်ချင်းမကျ၊ ရည်းစားမကျ တွဲဖူးသူတစ်ယောက်ပါ။


ဂျက်စတင်က သူတင်ခဲ့တဲ့ ပုံတွေထဲက တစ်ပုံမှာ “They’re [sic] friends relax” ဆိုပြီးမန့်ခဲ့ပါတယ်။ “သူတို့နှစ်ယောက်က သူငယ်ချင်းတွေပဲ ငါဘာကိုစိတ်ပူနေရမှာလဲ” ဆိုပြီးမန့်လိုက်တာပါ။ စိတ်မပူဘူးလို့ ပြောပေမယ့် ဂျက်စတင်တစ်ယောက် အမှန်အကန်စိတ်ပူနေခဲ့တာပါ။ မနေနိုင်မထိုင်နိုင် မန့်ထဲမှာ လျှောက်ရေးတဲ့ပုံဟာ ဂျက်စတင်ရဲ့ ပုံစံမဟုတ်ပါဘူး။

(ပိုပိုလေး)







