BEC-TERO TV

ဂျပန် ဂျေလိဂ်မှာ ခြေစွမ်းပြနေတဲ့ ထိုင်းကစားသမားလေး ဆောင်ခရာဆင်

08 Mar 2019     1,494 Views


ထိုင်းလက်ရွေးစင် ကွင်းလယ်ကစားသမား ချာနာသစ် ဆောင်ခရာဆင်ဟာ ဂျပန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ဂျေလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြ ကစား နေပါတယ်။အရပ် ငါးပေ နှစ်လက်မသာ ရှိတဲ့ ဆောင်ခရာဆင် ( ၂၅နှစ်) ဟာ ၂၀၁၇ ကတည်းက ဂျေလိဂ်ကလပ် ဆတ်ပိုရို ကို ရောက်ရှိခဲ့တာပါ။ မနှစ်က ရာသီမှာ ရှစ်ဂိုးသွင်းပေးခဲ့ပြီး ဆတ်ပိုရိုအသင်းဟာလည်း သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အနေနဲ့ အဆင့်လေးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဂျေလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ၁၁ယောက် စာရင်းမှာလည်း ပထမဆုံးသော အရှေ့တောင်အာရှသားအဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။" ဂျေလိဂ်မှာ လျှင်လျှင်မြန်မြန်နဲ့ အားသွန်ခွန်စိုက် ကစားရပါတယ်။ ဒီတော့ စည်းကမ်းတကျနဲ့ ကြိုးကြိုးစားစား လေ့ကျင့်ခန်းဆင်းရပါတယ်။ ကျွှန်တော် အနေနဲ့ ဥရောပအထိ ထွက်ပြီး ကစားနိုင်ဖို့ ရည်မှန်းထားပါတယ် " လို့ ဆောင်ခရာဆင်က ပြောပါတယ်။

တရုတ်စူပါလိဂ်နဲ့အပြိုင် ဥရောပကစားသမားတွေ ခေါ်ယူနေတဲ့ ဂျေလိဂ်မှာ အင်နီယေစတာ၊ ဒေးဗစ်ဗီလာ၊ဖာနန်ဒိုတောရက်စ်တို့ကို နာမည်ကြီးကစားသမားတွေလည်း ကစားနေကြတာဖြစ်ပါတယ်။ မကြာသေးခင်ကမှ စတင်ခဲ့တဲ့ ဒီနှစ်ရာသီ ဂျေလိဂ်မှာတော့ ထိုင်းကစားသမား သုံးဦးအထိ ပါဝင်ကစားနေတာဖြစ်ပါတယ်။

မြန်မာပြည်က ကစားသမားတွေ ထိုင်းလိဂ်မှာ ကန်ခွင့်ရဖို့ ကြိုးစားနေချိန်မှာ ထိုင်းကစားသမားတွေကတော့ ဂျေလိဂ်မှာတောင် ကစားနေနိုင်ပြီဆိုတာ အပြုသဘောဆောင်ပြီး တင်ပြလိုက်ပါတယ်။


08 Mar 2019     1,494 Views




RELATED

Most Popular of Football

Most Popular of Sport