BEC-TERO TV

အာဆင်နယ်ကို ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ ဖြေရှင်းချက်

11 Mar 2019     1,284 Views


ယူနိုက်တက် ယာယီနည်းပြ ဆိုးလ်ရှားက အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့ခြင်းမှာ ၎င်းစတင်တာဝန်ယူကတည်းက အနိမ့်ဆုံးအခိုက်အတန့်ဖြစ်ခဲ့သည်ဟု ပွဲအပြီးတွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားက '' ဒီရလဒ်နဲ့ပတ်သက်ပြီး ကျွန်တော် တကယ်ပဲ စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ အသင်းစွမ်းဆောင်ရည်ကို ကြည့်ပါ။ ဒီပွဲဟာ ကျွန်တော်တို့ ရှုံးပွဲနဲ့ထိုက်တန်တယ်လို့ မပြောနိုင်ပါဘူး။ ကျွန်တော်တို့ ဂိုးရနိုင်တဲ့အခွင့်အရေး(၅)ကြိမ်လောက် ဖန်တီးခဲ့တယ်။ (၂)ကြိမ်က ဘားထိ၊ တိုင်ထိခဲ့တယ်။ ကစားသမားတွေက သူတို့စွမ်းသလောက် ကြိုးစားခဲ့ပါတယ်။

 ဒါဟာ လေ့ကျင့်ရေးတုန်းက ပုံစံအတိုင်းပါပဲ။ ကျွန်တော်တို့ အနိုင်နဲ့မထိုက်တန်တဲ့ နိုင်တာတွေရှိခဲ့ပါတယ်။ ဒီနေ့ပွဲကတော့ အရှုံးနဲ့မထိုက်တန်ဘဲ အရေးနိမ့်ခဲ့ရတဲ့ပွဲပါ။ လာမယ့်အပတ် ဝုလ်ဗ်နဲ့ကစားရမယ့် FAဖလားပွဲအတွက် အသင့်ဖြစ်နေဖို့တော့ မျှော်လင့်ပါတယ်''ဟု ဆိုးလ်ရှားက ပြောပါတယ်။

ဆိုးလ်ရှားလက်ထက်တွင် ယူနိုက်တက် အသင်းမှာ အာဆင်နယ်နှင့်ပွဲမတိုင်မီအထိ အမှတ်ပေးပွဲ (၁၀)ပွဲနိုင်၊ (၂)ပွဲသရေဖြင့် ရှုံးပွဲမရှိ ကစားထားခဲ့နိုင်ခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့် ၅နေရာသို့ ရောက်ရှိသွားပြီး အာဆင်နယ်အသင်းအောက် ၂ မှတ်အကွာမှာ ရှိနေပါတယ်။

 ပရီးမီးယားလိဂ်ပြီးဆုံးဖို့အတွက် ၈ ပွဲခန့်သာ လိုတော့တဲ့ အချိန်မှာ နှစ်သင်းစလုံးဟာ  ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် အကျိတ်အနယ် ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။


11 Mar 2019     1,284 Views




RELATED

Most Popular of Football

Most Popular of Sport